၀၃၁

1.7K 391 24
                                    

〖ရှင်းလော် စစ်တုရင်ခုံ〗

.......

မော့ယောင်ဂိုဏ်းဟာ တုမ်းဝမ်တွင် အကျော်ကြားဆုံးဂိုဏ်းဖြစ်သည့်အလျောက် ၎င်း၏ပျက်စီးဆုံးရှုံးမှုသည် တုမ်းဝမ်မှ လူအများကြားတွင် စိတ်ဝင်စားမှုအမြင့်ဆုံး အကြောင်းအရာတစ်ခု ဖြစ်ခဲ့လေသည်။ ဧကရာဇ်ပင်တောင်မှ ဤကိစ္စကိုအလေးအနက်ထား၍ စုံစမ်းစစ်ဆေးသူများ လွှတ်ပေးခဲ့လေသည်။

စုန့်ချီနှင့်ရုန်ပိုင်တို့သည် ယွီရှစ်တောင်ခြေသို့ ဆင်းလာခဲ့ကြပြီး ဖင်းယန်မြို့မှ ထွက်ခွာခဲ့ကြသည်။

ဤနေ့ရက်များက လဝက်ဖြစ်တာကြောင့် သိပ်ပြီးအလျင်လိုစရာမလိုခဲ့ပေ။ မိစ္ဆာတံခါးရှင်ဟာ တစ်လတစ်ကြိမ်သာ ပွင့်ခြင်းဖြစ်သည်။ သူတို့အလျင်စလိုသွားပါလျှင်လည်း အဆုံးတွင် စောင့်နေရသည်ချည်းသာ အဖတ်တင်လိမ့်မည်။

သို့နှင့် စုန့်ချီဟာ ရုန်ပိုင်နောက်ကို ထက်ကြပ်မကွာလိုက်လာခဲ့သည်။ ဤခရီးဟာ ဖြတ်သန်းခဲ့ဖူးသမျှ တစ်လျှောက်လုံးတွင် စိတ်လက်အပေါ့ပါးဆုံး ခရီးဖြစ်ခဲ့လေ၏။

အခြားသောကမ္ဘာမှ သက်ဆင်းလာသော သခင်ရုန်သည်   လမ်းတစ်လျှောက်လုံးတွင် ဖုန်မှုန့်လေးတစ်စတောင် ကပ်ညှိနေခြင်းမရှိပါသည့် ဆီးနှင်းဖြူရောင်ဝတ်ရုံကိုသာ ဝတ်ဆင်ထားခဲ့သည်။ သူဟာ မည်သည့်အရပ်တွင် ရောက်နေသည်ဖြစ်စေ နတ်ဘုရားအငွေ့အသက်များက သူ့အားအမြဲတမ်း လွှမ်းခြုံနေမည်သာ။

သို့ရာတွင် စုန့်ချီမှာမူ သာမန်ပုထုဇဉ်လောကမှ သာမညောင်ည အလေအလွင့်လေးသာဖြစ်၍ အဘယ်မှာ ရုန်ပိုင်ကဲ့သို့ ပြီးပြည့်စုံနိုင်ပါလိမ့်မည်နည်း။ စုန့်ချီသည်
အဝတ်အစားတစ်ချို့ကို ဝယ်ယူလိုက်ပြီး အဝတ်အစားထုတ်ပိုးထားသော အဝတ်ထုတ်လေးကို လမ်းတစ်လျှောက် သယ်ဆောင်လာခဲ့သည်။ သို့မှသာ လျှော်ဖွတ်ခြင်းနှင့် ဝတ်ဆင်ခြင်းကို တစ်လှည့်စီ လုပ်ဆောင်၍ရပေမည်။ သိပ်ကို ရိုးရှင်းလွန်းခဲ့ပေသည်။ 

သခင်ရုန် စိတ်ကျေနပ်သလောက် ခရီးသွားပါစေ။
သူတို့နှစ်ဦးဟာ လမ်းခရီး၌ အကြိမ်ကြိမ်ရပ်နားခဲ့ကြသည်။
လမ်းခရီးဟာ ဆယ်ရက်တိုင်ကြာမြင့်ခဲ့သည်။

FOX DEMON CULTIVATION MANUALWhere stories live. Discover now