၀၂၅

1.5K 345 7
                                    

မမျှော်လင့်ထားစွာ ဝမ်ချန်ချူးကလည်း ချိပ်တံဆိပ်အပိုင်းကိုတွေ့ရှိခြင်း

..........

ထိုအခိုက်အတန့်တွင် စုန့်ချီ၏ဦးနှောက်ထဲ၌ အတွေးပေါင်းများစွာ ဖြတ်ပြေးသွားသည်။ သူသည် တစ်ခဏမျှ အေးစက်တောင့်တင်းနေပြီး နှုတ်မှလွှတ်ခနဲ မေးလိုက်သည်။

"ဘယ်မှာလဲ ? "

ဝမ်ချန်ချူးက ဗလာသက်သက်မျက်ဝန်းများဖြင့် နေရာတစ်ခုသို့ အမှုမဲ့အမှတ်မဲ့ ညွှန်ပြလိုက်သည်။

"ဟိုမှာ...."

စုန့်ချီ သူညွှန်ပြရာသို့ကြည့်လိုက်ရာ သွေးများစွန်းပေနေသော နံရံနှင့် ပြန့်ကျဲနေသော အုတ်အကျိုးအပဲ့များကိုသာ မြင်လိုက်ရသည်။ မိစ္ဆာသားရဲနှင့် ဝမ်ချန်ချုးတို့၏ တိုက်ပွဲအကျိုးဆက်အနေဖြင့်
ကျယ်ပြန့်သော နန်းဆောင်တွင်းဝယ် ခြေချစရာနေရာမရှိအောင် ရှုပ်ပွလို့နေ၏။

နတ်ဆိုးချိပ်တံဆိပ် ရှိနိုင်သည့်နေရာနှင့် နည်းနည်းမျှပင်တူမနေပါချေ။

ဝမ်ချန်ချူးက စုန့်ချီ၏သံသယမျက်ဝန်းများကို မြင်သော် ပြောလာ၏

"အဲ့မှာမဟုတ်ဘူး.ငါမင်းကိုပြမယ် "

သူ့ဝတ်ရုံမှာ သွေးများရွှဲနစ်နေ၏။ အနားသို့ကပ်လိုက်သည်နှင့် ပြင်းထန်သောသွေးနံ့ကြောင့် မွှန်ထူသွားနိုင်၏။ စုန့်ချီ၏ နှာခေါင်းက အာရုံခံကောင်းလွန်းတာကြောင့် နံရံပျက်ကြီးကိုဖြတ်၍ ဝမ်ချန်ချူးနောက်ကို လိုက်လာခဲ့သည့်တစ်လျှောက်လုံး အားပြင်းသောသွေးနံ့က သူ့အားလွှမ်းမိုးထားသည်။

"လွန်ခဲ့တဲ့ နှစ်ရက်လုံး မင်းဘယ်ပျောက်နေတာတုန်း ?
ချင်းယွမ်က မင်းကိုဖမ်းမိတာလား.မမိတာလား ?
ကျောကဒဏ်ရာကရော သက်သာပြီလား ? "

"ပျောက်တာဖြင့် ကြာလှပြီ "

ဝမ်ချန်ချူးက အမှုမဲ့အမှတ်မဲ့ပြန်ဖြေလိုက်သည်။

" အဲ့ဒီတုန်းက ငါ.ကျူးယီရှုအခန်းကို ထွက်ပြေးခဲ့တာ ပြီးတော့.သူငါ့ကိုကယ်ခဲ့တယ် "

ယင်းနေ့က ကျူးယီရှုသည် အိပ်ယာမှလန့်နိုးလာပြီး ပြေလျော့နေသော ဝတ်ရုံဖြင့် ကန့်လန်ကာနောက်မှထွက်လာလိုက်ရာ သွေးများရွှဲနေသော ဝမ်ချန်ချူးကိုတွေ့လိုက်ရ၏။

FOX DEMON CULTIVATION MANUALWhere stories live. Discover now