၀၄၇

1.7K 356 31
                                    

••••UNICODE••••

မီးအကြီးအကျယ်လောင်ပြီးနောက် စန်းချီထိုင်ပြဇာတ်ရုံ တစ်ဝက်လုံးဟာ မီးထဲပါကာ ပြာကျပျက်စီးသွားခဲ့သည်။ ပြဇာတ်ရုံ၏ လူတစ်ဝက်ခန့်သည် မီးတောက်မီးလျှံများကြားတွင် ဆုံးပါးသွားခဲ့သည်။ ကျန်းလျန်ဟာလည်း ထို့အထဲမှ တစ်ယောက်ဖြစ်လေသည်။

ရှည်လျားကာ ရိုးရှင်းသော်ငြား သေသပ်လှပသော ပြာလွင်လွင်ဝတ်ရုံကို သူ့ခန္ဓာတွင်ဝတ်ဆင်ထားလျက် ပြာပုံများကြားထိုင်ကာ မှိုင်းညှို့နေသောမျက်ဝန်းများဖြင့် တစ်စုံတစ်ခုကို စဉ်းစားခန်းဖွင့်နေသည်။

သူ့လက်ထဲတွင်မူ ဆိုးရွားစွာမီးလောင်ကျွမ်းထားသော ခေါက်ယပ်တောင်လေးတစ်ချောင်းကို ကိုင်ထားဆဲဖြစ်သည်။

လှပကြွရွသော ပိုးသားဖိနပ်တစ်စုံဟာ ပြာပုံများကြား အေးဆေးစွာဖြတ်လျှောက်လာပြီး သူ့အရှေ့၌ လာရပ်၏။

"ကျန်းလျန် "

ကျန်းလျန်သည် ဆတ်ခနဲတုန်သွားပြီး မော့ကြည့်လိုက်ရာ အပျက်အစီးများကြားတွင် ရပ်နေသော ခပ်ချောချောကောင်လေးတစ်ယောက်ကို တွေ့လိုက်ရသည်။ သူဟာ အဖြူဖြူဆွတ်ဆွတ်ဝတ်ရုံတွင် ရွှေချည်မျှင်၊ အနီရောင်ပိုးချည်များဖြင့် ကနုတ်ထိုးထားပြီး ရှည်လျားသည့် ဆံနွယ်များကို ရဲရဲနီသော ဆံကျစ်ဖြင့် စည်းနှောင်ထားသည်။

ကောင်လေးက ပြုံးသည်။

"ကျုပ်နဲ့အပေးအယူတစ်ခုလုပ်ဖို့ စိတ်ဝင်စားလား"

"မင်းက ဘယ်သူလဲ "

ကျန်းလျန်က အမူအရာမဲ့စွာပြန်မေးလိုက်သည်။

"ကျုပ်နာမည်က ကျူးယွင် "

ကျူးယွင်က ကောင်းကင်ကို လက်ညှိုးထိုးပြပြီး လေသံဖျော့ဖျော့ဖြင့် ဆိုသည်။

"ကျုပ်က အဲ့ကနေလာခဲ့တာ "

"ဒါဆိုမင်းက မသေမျိုးပေါ့ "

FOX DEMON CULTIVATION MANUALWhere stories live. Discover now