၀၇၉

1.6K 365 9
                                    

စုန့်ချီသည် အခန်းသို့ပြန်လာပြီး အတန်ငယ်မျှစောင့်နေလိုက်သည်။ အသေအချာကိုပင် လျန်သခင်မကြီးက သူ့ကိုလာရှာခဲ့ပေသည်။

သူမ၏အနောက်တွင်မူ အမျိုးသမီးအစေခံအမြောက်အမြားက စာလိပ်အထပ်လိုက်တင်ထားသော ဗန်းများကိုင်ဆောင်လျက် လိုက်ပါလာကြသည်။

စုန့်ချီသည် ၄င်းကိုမြင်လိုက်ရသည်နှင့် မျက်ခုံးများတွန့်ချိုးသွားသည်။

သူသည် မိခင်ဖြစ်သူအား နှုတ်ဆက်ရန် မတ်တပ်ထရပ်လိုက်သည်။

" အမေ၊ အချိန်လည်းမစောတော့ဘူး။ ဘာကိစ္စရှိလို့ ကျွန်တော့်ကိုလာရှာတာလဲ "

လျန်သခင်မကြီးက သူ၏လက်ကိုကိုင်ဆွဲလျက် အခန်းတွင်းသို့ဆွဲခေါ်သွား၏။

" သား၊ အစောကအပြုအမူက ရိုင်းပျတယ် "

စုန့်ချီက နားမလည်ချင်ယောင်ဆောင်လိုက်သည်။

" ဘာကိုလဲဗျာ"

" လာဟန်ဆောင်နေတယ်။ ဘာပြောချင်လဲ သိရဲ့သားနဲ့ "

လျန်သခင်မကြီးက ပြုံးလျက်ပြော၏။

" အစောက ခန်းမဆောင်ထဲကမိန်းကလေးက ဆွင်းအိမ်တော်က သခင်မလေးလေ။ ကလေးမလေးရဲ့ ချစ်စနိုးနာမည်က ဝေ့အာတဲ့။ သားသူ့ကို မှတ်မိသေးတယ်မဟုတ်လား "

ဘယ်လိုလုပ်မမှတ်မိဘဲနေရမှာလဲ........

လွန်ခဲ့သောနှစ်တွေက သူ့တွင်စေ့စပ်ကြောင်းလမ်းထားသူ ရှိခဲ့ဖူးလေသည်။ အဆုံးတွင်တော့ ထိုမိန်းကလေးသည် သူ၏အိမ်ဦးကြမ်းပြင်ထိကို လာရောက်၍စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းသွားခဲ့သည်။ စုန့်ချီသည် အစကနဦး ဤမိန်းကလေးကို မြင်လိုက်ကတည်းကမှတ်မိခဲ့သည်။ ဤမိန်းကလေးဟာ ငယ်စဉ်အခါက သွက်လက်ဖျတ်လတ်၍ အပြုံးချိုချိုနှင့် နေတတ်လေ့ရှိ၏။ သူမဟာ မည်သူ့ကိုမဆို အပြုံးချိုချို မျက်လုံးဝိုင်းကြီးများဖြင့် ကြည့်တတ်လေ့ရှိ၏။ နှစ်များစွာကြာလွန်သော် သူမဟာ များစွာပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

သို့ပေမည့် စုန့်ချီက ခေါင်းကိုသာခါရမ်းသည်။

" ကျွန်တော် သူ့ကိုမမှတ်မိဘူး "

FOX DEMON CULTIVATION MANUALWhere stories live. Discover now