၀၂၃

1.5K 372 6
                                    

ယောကျ်ားကောင်းတစ်ယောက်က သူ့စကားသူတည်ရမယ်
.......

ကြေးမှုံဘိုးဘိုးက အဘယ်ကြောင့် အချိန်တွေအကြာကြီး အချည်းနှီးစောင့်ဆိုင်းနေခဲ့သည်လဲ စုန့်ချီ မသိခဲ့ပေ။

သူထပ်မံ၍မသိခဲ့တာက "တဏှာရူးမိစ္ဆာလေး "၏ ဇာတ်ကြောင်းအား ပြန်လှန်ပြောနေစဉ် ဝမ်းနည်းသွားသော သူ့အားကြည့်၍ မျက်လုံးများ အရောင်ပြောင်းသွားခဲ့သည်ကိုလည်း သူမသိခဲ့ပေ။

အဆုံးတွင် ကြေးမှုံဘိုးဘိုးက မျက်ရည်တွေကိုသုတ်ချ၍
ဆိုလာ၏။

"ငါက ဘယ်နေရာမှမကောင်းဘူးဆိုတာ သိပါတယ်
မင်းမိစ္ဆာမဖြစ်ချင်ဘူးဆိုတာလဲ ငါသိလျက်နဲ့
ခုနကထိ မင်းကိုပြန်လာဖို့နဲ့ ငါ့ကိုကယ်ပေးဖို့ပဲ ထပ်ခါထပ်ခါတောင်းဆိုနေမိတာ... "

စုန့်ချီမှာ သူ့စကား၏အဓိပ္ပါယ်ကို တစ်ပိုင်းတစ်ဒေသသာ
နားလည်လိုက်သည်။ သူသည် ရုန်ပိုင်နှင့်အတူ ဤနေရာမှ ထွက်ခွာသွားလျှင် ကြေးမှုံဘိုးဘိုးအား တစ်ပါးတည်းကယ်ထုတ်သွားဖို့ ဆုံးဖြတ်ပြီးသားဖြစ်သည်။

ယောကျ်ားကောင်းတစ်ယောက်က သူ့ကတိအတွက် တာဝန်ကျေရမည်။

ရက်အတော်ကြာသည်အထိ စုန့်ချီမှာ လူလုံးထွက်မပြရဲပေ။
အကြီးအကဲ ချင်းယွမ်က တောင်အနောက်ဘက်ကို ကျူးကျော်သူအား ပြောင်ပြောင်တင်းတင်း လိုက်လံရှာဖွေနေမည်စိုးသဖြင့် သူသည် အခန်းထဲတွင် လှောင်ပိတ်နေလျက် ဖျားနာချင်ဟန်ဆောင်နေခဲ့လေသည်။

သို့သော် ထူးဆန်းသည်မှာ ချင်းယွမ်သည် မည်သည့် လှုပ်ရှားဆူပူမှုမျှ မပြုလုပ်ခြင်းဖြစ်သည်။

ရုန်ပိုင်က စောစောစီးစီး ထွက်သွားကာ နောက်ကျမှပြန်လာလေ့ရှိပြီး ကျောက်စိမ်းဖြူအပိုင်းရှာခြင်းဖြင့် အလုပ်ရှုပ်နေသည်။ ဝမ်ချန်ချူးမှာတော့ တစ်ကြိမ်မျှပင် ပြန်ပေါ်လာခြင်းမရှိဘဲ သေသလား၊ ရှင်သလားလည်း မသိရချေ။ ထို့အစား ကျူးယီရှုက သူ့ဆီတစ်ကြိမ်လာ၍ ဆေးဝါးအချို့နှင့် မှာတမ်းခြွေမှုများကို ပေးကမ်းသွားသေးသည်၊

စုန့်ချီ ကြုံဆုံဖူးသမျှ အကြီးအကဲများနှင့် တပည့်ဂိုဏ်းသားများထဲတွင် ကျူးယီရှုက စိတ်အမှန်ဆုံးပင်။ သူသည် သိမ်မွေ့နူးညံ့သော စိတ်သဘောထားရှိပြီး အားအားနေသတ်ချင်ဖြတ်ချင်နေကြသော အခြားဂိုဏ်းသားများနှင့်လားလားမျှမတူပါချေ။

FOX DEMON CULTIVATION MANUALWhere stories live. Discover now