၀၃၉

1.5K 370 2
                                    

- Unicode -

စုန့်ချီ၏ စိတ်အစုံမှာ အနှီကိစ္စအထွေထွေကြောင့် ဘောင်ဘင်ခတ်ရှုပ်ထွေးနေသည်ဖြစ်ရာ ရုန်ပိုင်၏စကားကို ချက်ချင်းနားမလည်ခဲ့ချေ။

တစ်ခဏခန့် ကြောင်အမ်းနေပြီးမှ ဆိုလိုရင်းကို သဘောပေါက်တော့သည်။ သူ ပြုံးကာဆိုလိုက်၏။

"သခင်ရုန် ပြောတာမှန်တယ်၊
ပြီးတော့ ဒီလှည့်ကွက်တွေအကုန်လုံးကို ကျွန်တော် သိဖို့မလိုပါဘူး "

"မင်း တဖြည်းဖြည်းနဲ့သိလာပါလိမ့်မယ် "

ရုန်ပိုင်၏အသံက အတည်ပြုပြောဆိုနေသည်နှင့် ပိုတူ၏။

သူခေါင်းငြိမ့်ပြလိုက်ကာ ဘာစကားမှထပ်မဆိုဖြစ်။
ရထားလုံးတွင်း၌ တိတ်ဆိတ်မှုက ထပ်မံကြီးစိုးသွားပြန်သည်။

သူတို့နှစ်ဦး ဖုန်းအိမ်တော်သို့ ပြန်လာခဲ့ကြပြီး
ဖုန်းချန်းယွဲ့က ပင်မခန်းမဆောင်တွင် သူတို့အား စိုးရိမ်တကြီးစောင့်ဆိုင်းနေသည်။ လုလင်လေးနှစ်ယောက်ကို မြင်သည်နှင့် သူက အမောတကောပြေးလာသည်။

"အသင်တို့ လေ့လာစစ်ဆေးကြတာ ဘယ်လိုရှိလဲ၊
ချိုးအာကရော ဘာဖြစ်တာတဲ့လဲ "

ဖုန်းချန်းယွဲ့ကို မျက်နှာချင်းဆိုင်လိုက်ရသည်နှင့် မတိုင်ခင်ကသူမြင်ခဲ့ရသည့် ပုံရိပ်ယောင်များက အတွေးထဲပြန်ပေါ်လာသည်။ သူ့မျက်ခုံးများ တွန့်ကွေးပြီး မျက်မှောင်ကြုတ်သွားသည်။ သူ့လေသံကတောင် ကြမ်းရှနေပေလိမ့်မည်။

"ဘာဖြစ်ရမှာလဲ၊ လွန်ခဲ့တဲ့ဆယ်စုနှစ်က ခင်ဗျားရဲ့ လူမဆန်တဲ့ အပြစ်ကြွေးတွေလေ "

ဖုန်းချန်းယွဲ့မှာ စုန့်ချီ၏လေသံက ဤမျှလောက် ထက်ရှနေလိမ့်မည်ဟု မထင်ထားခဲ့ချေ။ သူက တစ်ခဏလောက် ကြောင်အမ်းသွားပြီး အရှက်ရစွာဖြင့်ဆိုလာသည်။

" တောက်ကျန် ဘာကိုဆိုလိုချင်တာလဲမသိဘူး "

စုန့်ချီ နှာမှုတ်လိုက်သည်။

" တခြားဘာဖြစ်ရဦးမှာလဲ၊ လွန်ခဲ့တဲ့ဆယ်စုနှစ်က
စန်းချီထိုင်ပြဇာတ်ရုံရဲ့ ကျန်းနျန်ဇီကို ခင်ဗျားမှတ်မိသေးရဲ့လား "

FOX DEMON CULTIVATION MANUALWhere stories live. Discover now