၀၂၈

1.5K 367 24
                                    

သူ့ကိုတား
.....

ယင်းအမျိုးသားက အနက်ရောင်ဝတ်ရုံကို အနက်ရောင် သားမွေးကော်လာနှင့်ဝတ်ဆင်ထားသည်။ ဦးခေါင်းထက်တွင် ပြဒါးနီရောင် ပတ္တမြား သရဖူကိုတပ်ဆင်ထားပြီး ခြေထောက်တွင် ငွေရောင်ပိုးသားဖိနပ်ရှည်ကို ဝတ်ဆင်ထားသည်။ သူ့မျက်နှာထက်တွင် ချေမိုးသော အပြုံးနှင့် အထက်စီးမှ ကြည့်လာသည်။ သူဟာ မြင့်မားသော အထက်ဘုံမှ အရှင်သခင်တစ်ပါးနှင့်လည်းတူသလို သန့်စင်မွန်မြတ်သော သခင်ငယ်လေးနှင့်လည်း တူနေလေ၏။

"ဝမ်ချန်ချူးး!"

ဝမ်းမြောက်ပျော်ရွှင်စွာဖြင့် စုန့်ချီသည် သူ့ဆီသို့ ခြေနှစ်လှမ်းခန့်လျှောက်သွားလိုက်သည်။

ယင်းက ဝမ်ချန်ချူး၏ ပုံစံအစစ်အမှန်ဖြစ်နိုင်မည်။ ဝမ်ချန်ချူး၏ နှုတ်ခမ်းထောင့်စွန်းလေးများ ကွေးညွှတ်သွားပြီး ဝံပုလွေအစွယ်လေးတစ်ဝက်က လှစ်ဟပေါ်လာသည်။ သူက စုန့်ချီကို ပြောလာသည်။

"ငါတို့ မတွေ့တာဖြင့်ဘယ်လောက်မှတောင်
မကြာသေးဘူး.မင်းပုံစံက ဘယ်လိုဖြစ်ပြီး ဒီလိုပြောင်းသွားရတာတုန်း ? "

" မင်းကများ ငါ့ကိုပြောရဲသေးတယ်။ ငါ့ကို တခြားလူတွေခေါ်သွားအောင် ဘာလို့ထားခဲ့ရတာလဲ ?
ဒါက အရမ်းအန္တရာယ်များတယ်ကွ !! "

စုန့်ချီ မကျေမနပ်နှင့် နှုတ်ခမ်းစူလိုက်သည်။

သူ့လည်ပင်းမှ ဒဏ်ရာကမနာကျင်တော့သော်ငြား ပြန်လည်ကုစားနိုင်စွမ်းက သိပ်မမြန်ဆန်သေးတာကြောင့် ဒဏ်ရာ ရှုမြင်ဖို့မသင့်လောက်အောင် ကြောက်စရာကောင်းနေ၏။ ဝမ်ချန်ချူး၏ မျက်ခုံးတို့ တွန့်ကွေးသွားကာ ချင်းယွမ်ကိုကြည့်လိုက်ပြီး စုတ်တစ်ချက်သတ်လိုက်သည်။

"ဒီလိုမိန်းမမျိုးက သတ်ကိုသတ်ပစ်ရမယ်
လုံးဝ ထိန်ချန်ထားလို့မဖြစ်ဘူး "

စုန့်ချီက သဘောတူကြောင်း ခေါင်းငြိမ့်ပြလိုက်သည်။

" ဝမ်ချန်ချူး , မင်းနဲ့မဆိုင်တဲ့ကိစ္စတွေမှာ ဝင်မစွပ်ဖက်ပါနဲ့ "

ထိုအမျိုးသားက ဝမ်ချန်ချူးအား သိပုံပေါ်သည်။ မိစ္ဆာသားရဲ၏အလောင်းပေါ်မှ ခုန်တက်လာသူမှာ ဝမ်ချန်ချူးဖြစ်ကြောင်း သိရှိသွားကတည်းက သူ့မျက်နှာမှာ
ပုံပန်းပျက်စွာ အကျည်းတန်သွားသည်။

FOX DEMON CULTIVATION MANUALWhere stories live. Discover now