၀၃၀

1.6K 396 6
                                    

ယမန်နေ့ညက အမူးသောက်ခဲ့ခြင်းကြောင့် တိုက်ယန်ရှင်းသည် မနက်ထလာချိန်တွင် အတော်ပင်နောက်ကျနေပြီဖြစ်သည်။

သူ့ခန္ဓာကိုယ်ကို လှုပ်ရှားကြည့်လိုက်သော် အိပ်ယာထဲတွင် လှဲလျောင်းနေခြင်းဖြစ်ကြောင်း သိရှိသွားရသည်။ သူထထိုင်လိုက်ပြီး ခြုံစောင်ကိုဆွဲဖယ်လိုက်သည်။ သူ့အင်္ကျီအဝတ်များဟာ လဲလှယ်ထားခြင်းခံရပြီး သူ့ခန္ဓာကိုယ်တွင် ပေကျံနေခဲ့သော သွေးရည်များက သန့်ရှင်းထားခြင်းခံရသည်။ သူ့ညာဘက်လက်မှ ဒဏ်ရာကိုလည်း ပတ်တီးစည်းထားသည်။

တိုက်ယန်ရှင်း တစ်ခဏမျှကြောင်အသွားခဲ့သည်။ ယမန်နေ့ညက ဖုချီပြောခဲ့သော စကားများက သူ့အတွေးထဲတွင်ပြန်ပေါ်လာသည်။ ဖုချီ၏အမူအရာကို ပြန်မြင်ယောင်မိချိန်တွင် ရှင်းပြ၍မရနိုင်သော ခံစားချက်များက သူ့နှလုံးအိမ်ထဲသို့ တလိမ့်လိမ့်စီးဝင်လာသည်။

သူ့ခံစားချက်များ ဒီ့ထက်ပိုပြီး နက်ရှိုင်းမလာခင် အတွေးများကိုဖြတ်တောက်လိုက်ပြီး အိပ်ယာထက်မှထကာ
အဝတ်အစားလဲလှယ်လိုက်သည်။

တစ်နေကုန်ပြီးသည့်တိုင် သူသည် ဖုချီ၏အရိပ်အယောင်ကို ရေးရေးတောင်မမြင်ရ။ ညနေရောက်ချိန်မှ သိလိုက်ရသည်က ချင်းယွမ်သည် ဖုချီအား တောင်အနောက်ဘက်၌ အပြစ်ပြန်လည်သုံးသပ်ဖို့ ပို့ထားသည်ဟူ၍ပဲဖြစ်၏။ သို့သော် အပြစ်ပေးရသည့် အကြောင်းရင်းကိုမူ မည်သူမျှမသိခဲ့ပေ။

ဤသတင်းကို ပထမဆုံးကြားသည့်အချိန်က တိုက်ယန်ရှင်းသည် အလွန်ကိုဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့သည်။
အနှောင့်အယှက်ကင်းကင်းနှင့် သူ၏လုပ်ငန်းဆောင်တာများကို ပုံမှန်အတိုင်းသာ တကုတ်ကုတ်လုပ်ကိုင်နေခဲ့သည်။ သို့ရာတွင် ညခင်းရောက်သည်နှင့် တစ်ကိုယ်တည်း အပြစ်ပြန်လည်သုံးသပ်နေမည့်ကို ဖုချီ၏ပုံရိပ်ကို မတွေးမိဘဲမနေနိုင်တော့ပေ။

တောင်အနောက်ဘက်တွင် အပြစ်ပြန်လည်သုံးသပ်ဖို့ အပြစ်ပေးခံရသည့် တပည့်ဂိုဏ်းသားများကို ထမင်းမသုံးဆောင် ရေမသုံးဆောင်စေဘဲ အစာရေစာဖြတ်တောက်ထားလေ့ရှိသည်။ ဖုချီ၏ကျင့်ကြံဆင့်က အစာရေစာမစားဘဲနေနိုင်သည့် အဆင့်သို့ ရောက်ပြီဖြစ်သော်လည်း ဖုချီဟာ ဘယ်လောက်တောင်အစားကြီးလိုက်သလဲဆိုတာ တိုက်ယန်ရှင်းသာ အသိဆုံးဖြစ်သည်။

FOX DEMON CULTIVATION MANUALWhere stories live. Discover now