၀၆၀

1.7K 391 57
                                    

မိစ္ဆာလောကတွင် မိစ္ဆာဘုရင်ကို လူအနည်းအကျဉ်းမျှသာ တွေ့ဖူးကြသည်။ သို့ပေမည့် မိစ္ဆာတိုင်းသည် သူတို့၏ ရှင်ဘုရင်ဟာ နဝကောင်းကင်ဘုံမှ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးဖြစ်ကြောင်း သိရှိထားကြလေသည်။ မိစ္ဆာဘုရင်ဟာ အမြှီးကိုးချောင်းရှိ ထုရှန်း မြေခွေးဖြူတစ်ကောင်ဖြစ်ပြီး မီးတောက်ပြာများကို ဆန္ဒရှိသလောက်အသုံးပြုနိုင်သည့် တောက်ဓမ္မပညာရှင်လည်းဖြစ်၏။

စုန့်ချီသည် ထီးလေးကို လက်များကြား ပိုက်ထားဆဲဖြစ်သည်။ သူ ဦးမော့ကြည့်မိသည်။ သူ့အရှေ့မှ ဤရုန်ပိုင်ဟာ တစ်ချိန်က သွေးချောင်းစီးစေခဲ့ဖူးသော ရုန်ပိုင်နှင့်စာလျှင် တစ်စုံတစ်ခုလစ်ဟင်းနေသယောင် ခံစားနေမိသည်။

ဤမျှနွေးထွေးနူးညံ့သောပုဂ္ဂိုလ်ဟာ အဘယ်ကြောင့်များ မိစ္ဆာနယ်မြေတစ်ဝက်လုံးကို တစ်ယောက်တည်း သတ်ဖြတ်ခဲ့သည့် မိစ္ဆာဘုရင်ဖြစ်နေရပါသနည်း။ သည်လူဟာ ဤသို့ ခက်ထန်ရက်စက်ပြီး နိုင့်ထက်စီးနင်းပြုမူတတ်သည့် မိစ္ဆာဘုရင် ဖြစ်နိုင်ပါ့မည်လား။

စုန့်ချီ မယုံချင်ပါသော်ငြား အဖြစ်မှန်က သူ့မျက်စိရှေ့တွင် ဖြစ်ပျက်သွားခဲ့ပြီဖြစ်သည်။

"ဟင်းး? "

လှောင်ချိုင့်ထဲမှ လူရွယ်က တီးတိုးရေရွတ်သည်။

"ကြည့်ရတာ မင်းမှာ မိစ္ဆာဘုရင်နဲ့သွေးချင်းဆက်နွယ်မှု ရှိတယ်နဲ့တူတယ် "

စုန့်ချီ သူ့ဘက်လှည့်လိုက်သည်။

"ခင်ဗျား ဘယ်လိုလုပ်သိလဲ "

"ငါ သွေးနံ့ရတယ်လေ "

လူရွယ်က သူ့နှာခေါင်းကို ရှုံ့ပြသည်။

"သွေးနံ့က အပေါ်ကနေလာတာ.အရမ်းကို သင်းပျပျလေး..ပြီးတော့ မင်းရဲ့သွေးနံ့နဲ့လည်း အနံ့ချင်းတူတယ် "

စုန့်ချီ ရင်ဘတ်ထဲမှ နှလုံးအိမ်က ပရမ်းပတာ ကဆုန်ပေါက် သွားသည်။

ရုန်ပိုင် ဒဏ်ရာရသွားတာလားး

"အင်း ဟုတ်တယ်၊ သူ အစထဲကဒဏ်ရာရထားတာ..ပြီးတော့ သူ့ဝိညာဉ်ကလည်း အစုံအလင်မရှိဘူး..သူ အတော်လေး အားအင်ကုန်သွားမှာ သဘာဝကျပါတယ်..."

FOX DEMON CULTIVATION MANUALWhere stories live. Discover now