၀၁၆

1.7K 382 5
                                    

လတ်တလောအခြေအနေ
.......

စုန့်ချီ ညွှန်းဆိုခဲ့သည့်နေရာမှာ မော့ယောင်၏တောင်အနောက်ဘက်ခြမ်းရှိ မိစ္ဆာများကိုဖမ်းချုပ်ထားရာ အကျဉ်းထောင်တစ်ခုပဲ ဖြစ်လေသည်။

ကံဆိုးချင်တော့ ထိုတောင်သို့ သွားရာလမ်းကို သူတို့နှစ်ယောက်လုံးမသိကြပေ။ ထို့ကြောင့် သူတို့အစီစဉ်ကို ခတ္တမျှဆိုင်းငံ့ထားလိုက်၍ အဆောင်ပြန်အိပ်ဖို့သာ ဦးတည်လိုက်သည်။

သူတို့အဆောင်ပြန်ရောက်သည်အထိ ဝမ်ချန်ချူးမှာ ပြန်ရောက်မလာသေးကြောင်း စုန့်ချီတွေ့မြင်လိုက်ရ၏။

ကျေးဇူးပြုပြီး ပြဿနာတော့ ထပ်မရှာလိုက်ပါနဲ့ကွာ !

ရုန်ပိုင်ကတော့ တစ်ချက်တောင်
အရေးတယူကြည့်မလာပါ။ သူက အလင်းကျောက်ကို ဘေးနားတွင်တင်ထားလိုက်ပြီး ဖိနပ်ကိုချွတ်ကာ အိပ်ယာပေါ်တက်လိုက်၏။ ထို့နောက် စောင်ပင်မခြုံဘဲ မျက်လုံးများမှိတ်ကာ အိပ်ပျော်သွားတော့သည်။

စုန့်ချီ အပေါ်ဝတ်ရုံချွတ်ပြီးချိန်တွင် ရုန်ပိုင်၏အသက်ရှူသံက ဖြည်းဖြည်းမှန်မှန်ထွက်ပေါ်နေပြီဖြစ်သည်။ ကြည့်ရသည်မှာ အမှန်တကယ် အိပ်ပျော်သွားပြီထင်၏။

ရာသီဥတုမှာ နွေဦးရောက်နေပြီဖြစ်သော်ငြား ညပိုင်းတွင်တော့ အနည်းငယ်အေးစိမ့်သေးသည်။ တစ်ညလုံး စောင်မခြုံဘဲ သည်တိုင်းအိပ်လိုက်ပါက မနက်ရောက်သည့်အခါ ရုန်ပိုင်အအေးမိလိမ့်မည်။
ထိုအကြောင်းကိုတွေးမိပြီး စုန့်ချီသည် အနည်းငယ်ဝင်စွပ်ဖက်သလိုဖြစ်ပေမယ့် စောင်ခြုံပေးလိုက်ဖို့ဆုံးဖြတ်လိုက်သည်။

သို့သော် ရုန်ပိုင်က သူ့ကိုယ်ပိုင်စောင်ကို ဖိအိပ်ထားသည်။ အကယ်၍ စုန့်ချီသာ စောင်ကို သူ့အောက်ကနေဆွဲထုတ်လိုက်ပါက ရုန်ပိုင် လန့်နိုးသွားလိမ့်မည်။

မလွဲမသွေကိစ္စကြုံရသည်မှလွဲ၍ ရုန်ပိုင်၏အိပ်စက်ခြင်းကို မနှောင့်ယှက်ဖို့ လုရှောက်ချင်းက စုန့်ချီကို အသေအချာပြောခဲ့ဖူးသည်။ ထို့သို့မဟုတ်လျှင် ရုန်ပိုင်ဟာ ဒေါသတကြီးနှင့် မြင်သမျှလူကို လိုက်လံသတ်ဖြတ်ပစ်လိမ့်မည်။ မိတ်ဆွေသော ရန်သူသော ခွဲခြားမည်မဟုတ်ပေ။

FOX DEMON CULTIVATION MANUALWhere stories live. Discover now