၀၁၈

1.6K 369 3
                                    

ျန်မျိုးနွယ်၏ သွေးသားရင်းချာ၊

ူ့အမည်မှာ လျန်ရှုဟုန် ဟုခေါ်တွင်၏


........

"မင်း.ဒီဓားကို ဆင့်ခေါ်တာရယ်.သိမ်းဆည်းတာရယ် လုပ်နိုင်တယ်ဆိုတာ ငါမှတ်မိတယ်.
အခုငါ့ကိုပြကြည့် "

ရုန်ပိုင်က သူ့ကိုပြောလေသည်။

ရုန်ပိုင်၏လေသံမှာ အမြဲလိုလိုမနိမ့်မမြင့်အနေအထားဖြင့် စကားပြောလေ့ရှိသည်။ သို့သော် တိတ်ဆိတ်နေသော လရောင်အောက်တွင် သူဟာ အနည်းငယ်နူးညံ့နေသည်ဟု စုန့်ချီခံစားမိသည်။

အထူးသဖြင့် ရုန်ပိုင်က သူ့အား သင်ပေးမည်ပြောလာသော အချိန်တွင်ဖြစ်၏။

ဓားကောက်ရှည်ကို ရက်အနည်းငယ်ကြာ မမြင်တွေ့ခဲ့ရသောကြောင့် စုန့်ချီအနည်းငယ်တော့ လွမ်းမိသည်။ ဤဓားလေးသည် သူနှင့်အတူ လေးနှစ်တာကာလပတ်လုံး မခွဲမခွာနေခဲ့ဖူးသည်၊ သူ့နှင့်အတူ အန္တရာယ်မျိုးစုံရင်ဆိုင်ခဲ့ဖူးသည်။ ဤဓားလေးသည် သူ့အတွက် မှီခိုအားထားရာဖြစ်ခဲ့သည်။

ဤဓားကောက်ရှည်ဟာ မည်သည့်သတ္တပစ္စည်းမျိုးဖြင့် ပြုလုပ်ထားသည်လဲ သူမသိပါ။ ဓားကိုယ်ထည်တစ်ခုလုံးက မည်းနက်နေပြီး ဓားလက်ကိုင်မှာ ကနုတ်ပန်းနွယ်များကို အသေးစိတ်ရေးထွင်းထားသည်။ ဓား၏အလေးချိန်ကို သူ့ညာဘက်လက်တွင်ခံစားမိနေသည်။ စုန့်ချီ အတည်ပြုပြီးဖြစ်၏။ ဤဓားကောက်ရှည်ဟာ သူ့မတိုင်ခင်
တစ်ဦးတစ်ယောက်မျှ ကိုင်ဆောင်ခဲ့ခြင်းမရှိခဲ့ပေ။

သူ၏အတွေ့အမြင်ဗဟုသုတများအရ ဤဓားသည် ရုန်ပိုင်ပေါ်မလာခင် ကိုယ်ဆောင်ခွင့်ရသူမှာ စုန့်ချီတစ်ဦးတည်းသာလျှင်ဖြစ်ခဲ့သည်။

စုန့်ချီ ပင့်သက်ရှိုက်လိုက်ပြီး အသက်ကိုဖြည်းဖြည်းချင်း ရှူထုတ်လိုက်သည်။ သူ့မျက်လုံးများသည် ဓားပေါ်တွင် မြဲမြံစွာကြည့်ရှုနေပြီး သူ့လက်တွင်းရှိဓားကောက်ရှည်မှ ရင်းနှီးသော အငွေ့အသက်ကိုခံစားမိသည်။ သူ့စိတ်ထဲမှ ဓားကောက်ရှည်ကို သိမ်းဆည်းရန်အမိန့်ပေးလိုက်ရာ ဓားသည်အမည်းရောင်မီးခိုးလုံးအဖြစ် ပေါက်ကွဲသွားပြီးနောက် ဖြတ်ခနဲပျောက်ကွယ်သွားသည်။

FOX DEMON CULTIVATION MANUALWhere stories live. Discover now