၀၄၈

1.6K 360 24
                                    

•••••UNICODE•••••

မတိုင်ခင်က ကြေးမှုံဘိုးဘိုးသည် ကျန်းလျန်တစ်ခုခုဖြစ်နေမှန်းသိသည်နှင့် စုန့်ချီကို ချက်ချင်းပစ်ချထားခဲ့ကာ ပြေးထွက်သွားသည်။ စုန့်ချီသည် သူ့နောက်သို့ ပြေးလိုက်ခဲ့သေးပါသော်လည်း ကြေးမှုံဘိုးဘိုးကား အမှောင်ထဲတွင် ပျောက်ကွယ်သွားခဲ့လေပြီ။ စုန့်ချီမှာ ကူရာမဲ့စွာဖြင့် ကြောင်တောင်တောင်လေးသာ ကျန်ရစ်ခဲ့သည်။

မိတ်ဆွေသံယောဇဉ်ကိုမှ မထောက်လုပ်ချသွားသော ကြေးမှုံဘိုးဘိုးကို စုန့်ချီ ကြိတ်ပြီး မေတ္တာပို့ပေးလိုက်သည်။

ကျန်းလျန်က တကယ်ပဲအခက်ကြုံနေခြင်းလား သူမသိပေ။ သူ့ပတ်ပတ်လည်မှ မြင်ကွင်းများဟာတော့ အလွန်ဖရိုဖရဲနိုင်နေလှသည်။ မြင်ကွင်းများက တစ်ခုပြီးတစ်ခုလျင်မြန်စွာ ပြောင်းလဲနေပြီး ပြတ်သားမှုမရှိ မှုန်ဝါးနေသည်။

သူ ငူငူငိုင်ငိုင်ဖြစ်နေစဉ် အင်အားပြင်းစွမ်းအင်တစ်ခုက သူ့အား ဆွဲခေါ်သွားသည်။ သူ့အမြင်အာရုံများအားလုံး ပြာဝေကုန်ပြီး ကုတင်တစ်ခုပေါ် ပစ်လှဲကျသွားသည်ကို ခံစားလိုက်ရ၏။ သူ ပျာပျာသလဲ ထထိုင်လိုက်သည်တွင် ရိုးရာအပြင်အဆင်နှင့်အခန်းတစ်ခုထဲ ရောက်နေကြောင်း တွေ့ရှိလိုက်ရသည်။

စုန့်ချီသည် အနှီမြင်ကွင်းကြောင့် တုန်လှုပ်သွားရသည်။ သူခေါင်းငုံ့ကြည့်လိုက်လျှင် ယခင်အခန်းများကအတိုင်း သူ့ခန္ဓာကိုယ်ပေါ်မှ ဝတ်စုံများဟာ ဆီးနှင်းဖြူရောင် ညအိပ်အင်္ကျီအဖြစ်သို့ လဲလှယ်ပြီးသားဖြစ်နေသည်ကို တွေ့လိုက်ရ၏။ ကွာခြားခြင်းတစ်ခုက ဤအခန်းတွင် မြင်ကွင်းဇာတ်ကြောင်းကို မမြင်ရခြင်းဖြစ်သည်။

“ကျန်းလျန်! ကျန်းလျန်! ”

တံခါးအပြင်မှ အော်ခေါ်လိုက်သံတစ်ခုကြောင့် စုန့်ချီ သတိပြန်လည်လာသည်။

သူ အဆောတလျင်ဖြင့် ပြန်တုံ့ပြန်လိုက်သည်။

“ဘာကိစ္စရှိလို့လဲ ”

“ဟို....”

တံခါးအနောက်မှ အမျိုးသမီးက တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ဖြေလာသည်။

FOX DEMON CULTIVATION MANUALWhere stories live. Discover now