အမှာစာ(အမွာစာ)

3.9K 83 0
                                    

(Unicode)

အားလုံးပဲ မင်္ဂလာပါရှင်။ ဒီအမှာစာထဲမှာ ကိုယ်ပြောချင်တာလေးတွေရော ficနဲ့ဆိုင်တာ‌တချို့ရောကိုပါပြောသွားမှာပါ။

ပထမဦးဆုံးအနေနဲ့ ကိုယ် ဒီficကို 4.1.2021မှာစရေးခဲ့ပါတယ်။ တစ်လပိုင်းလကုန်ရက်မှာ တစ်ဝက်အထိ ပြီးသွားခဲ့ပြီပေါ့နော်။ ကိုယ်လည်း ၂ လပိုင်းလကုန်မှာ အဆုံးသတ်ပြီး ၃လပိုင်းအစမှာ readerတွေလက်ထဲထည့်ပေးနိုင်ပြီဆိုပြီး အားအတော်တက်ခဲ့ရပါတယ်။ ဒါပေမဲ့ အခြေအနေဆိုးကြီးကြောင့် ကိုယ့်အစီအစဥ်‌တွေ အကုန်လုံး ကမောက်ကမတွေ ဖြစ်ကုန်တော့တာပါပဲရှင်။ ဆိုတော့ တစ်ဖက်တစ်လမ်းက ကိုယ်တတ်နိုင်တဲ့ဘက်က ပါဝင်ရင်း ဦးမြတ်နဲ့သန့်တို့ရဲ့ storyကို ရတဲ့အချိန်လေးမှာ ရသလောက် ဆက်ရေးခဲ့တာ 23.3.2021မှာ အဆုံးသတ်နိုင်ခဲ့ပါတယ်။ Extraကိုတော့ 29.3.2021မှာ အပြီးသတ်ရေးခဲ့ပါတယ်။ ဒါကတော့ st‌art dateနဲ့ end dateတွေကို‌ပြောပြတာပါ။

ဒုတိယတစ်ခုကတော့ တောင်းဆိုချင်တာပါ။ Part 7မှာဆိုရင် ရဲစခန်းနဲ့ သက်ဆိုင်တာ ဇာတ်လမ်းအရ ထည့်ထားပါတယ်။ အဲ့အပိုင်းကို ဖတ်ပြီဆို readerတွေက ကိုယ်တွေနိုင်ငံမှာ တွေ့နေမြင်နေကျ ယူနီဖောင်းဝတ်တွေပုံစံလိုမျိုး စိတ်ကူးထဲမှာ မမြင်ဘဲနဲ့ K-dramaတွေထဲက ရဲဝန်ထမ်းတွေလိုမျိုးပဲဖြစ်ဖြစ် တခြားနိုင်ငံကပုံစံတွေပဲဖြစ်ဖြစ် ဖြစ်နိုင်မယ်ဆို မြင်ပေးစေချင်ပါတယ်။ ကိုယ့်အနေနဲ့ ပြောရရင် ကြုံရတဲ့အခြေအနေတွေကြောင့် ယူနီဖောင်းနှစ်ခုနဲ့ အဲ့နှစ်ခုကိုဝတ်တဲ့ ဟာတွေကို တော်တော်ခါးခါးသီးသီး ဖြစ်သွားလို့ပါ။ အားလုံးပဲ ကိုယ့်စိတ်ကို နားလည်ပေးမယ်လို့လည်း မျှော်လင့်ပါတယ်။

hellosayarwon.comကနေ ကျန်းမာရေးနဲ့ဆိုင်တာ၊ ကိုယ်ဝန်ဆောင်တွေနဲ့ဆိုင်တာ၊ ကလေးတွေနဲ့ဆိုင်တာတွေကို ကိုးကားပြီး ရေးထားတာကိုလည်းဒီမှာကြို ပြောချင်ပါတယ်။

နောက်ဆုံးအဖြစ် အရေးအကြီးဆုံးအချက်ကို ပြောချင်တာပါ။ တခြားficတွေနဲ့ ကိုယ့်ficက plotတူနေတာမျိုးရှိရင် ကိုယ့်ကို အားမနာတမ်း message boxကနေ လာပြောလို့ရပါတယ်ရှင်။ ချက်ချင်း ဖျက်ပေးမှာပါ။

အားလုံးပဲ ပျော်ရွှင်စရာနေ့ရက်တွေကို အမြန်ဆုံးပိုင်ဆိုင်နိုင်ကြ‌ပါစေနော်။

Reli
🍀

(Zawgyi)







Reli
🍀

နွေးထွေးမှုတို့လွှမ်းခြုံကာ( Completed) နွေးထွေးမှုတို့ လွှမ်းခြုံကာ(Completed)Where stories live. Discover now