Part 20

921 39 0
                                    

(Unicode)

အာကာလင်းသန့်၏ ဘေးတွင် ဦးထိုက်ဝင်းဆွေ၊ ဒေါ်ယုယုမေ၊ အာကာမင်းခန့်နှင့် ခွန်းဝဏ္ဏတို့ ရှိနေကြသည်။ ဆရာဝန်တွေ စမ်းသပ်ပြီး စိတ်ချသွားရပြီဖြစ်ကြောင်း ပြောကာ ပြန်ထွက်သွားကြသည့် အချိန်တွင် စွမ်းရည်ထက်နှင့် ထွန်းလင်းသီဟတို့ ရောက်လာကြသည်။ စွမ်းရည်ထက်က သူ့ကို မြင်တာနှင့် ပြေးဖက်ကာ ငိုသည်။ စွမ်းရည်ထက်ရဲ့ ဤပုံစံကို မတွေ့ဖူးသည့် သူ့မှာ အထူးအဆန်းဖြစ်ရတော့သည်။ စွမ်းရည်ထက်က သူ့ကြောင့်ဆိုပြီး တောင်းပန်သေး၍ အာကာလင်းသန့်က ချော့မော့ပြီး အပြစ်မတင်ရန် ပြောတော့မှ စွမ်းရည်ထက် ပုံမှန် ပြန်ဖြစ်သွားသည်။

သူ့ဘေးနားမှာ လူတွေစုံနေသော်လည်း သူတွေ့ချင်သည့်သူက အခုထိ ရောက်မလာသေး။ လည်တဆန့်ဆန့်ဖြစ်နေသည့် သူ့ကို အခန်းအတွင်းရှိ လူများက အကဲခတ်နေကြသည်။ သူကလည်း တစ်ယောက်သောသူကို မျှော်နေတာကြောင့် သူ့အနားက လူတွေနှင့် စကားပြောနေရတာ စိတ်က မပါ့တပါ ဖြစ်နေလေ၏။ အချိန်အတော်ကြာ ရောက်မလာသေးလေတော့ သူ့ကို စွန့်ခွာသွားပြီလား ဆိုသည့် အတွေးက ဝင်လာသည်။

*ဒုန်း*

အလောတကြီး တံခါးဖွင့်လိုက်သံကိုအကြား အာကာလင်းသန့် အပါအဝင် အခန်းထဲက လူတွေအကုန်လုံး အပေါက်ဝကို ကြည့်မိကြသည်။ အာကာလင်းသန့်ရဲ့ မျက်ဝန်းတွေနဲ့ ပိုင်မြင့်မြတ်ကျော်ရဲ့ မျက်ဝန်းတွေ ‌ဆုံစည်းချိန် အာကာလင်းသန့် ပြုံးပြလိုက်သည်။

"သန့်"

သူ့နာမည်ကို ခေါ်ကာ အခန်းအတွင်းသို့ ဝင်လာပြီး သူ့အနားရောက်တော့ သူ့ကို တင်းကျပ်စွာ ဖက်သည်။ အာကာလင်းသန့် ပါးနဲ့မားတို့ကို သတိရပြီးကြည့်ချိန် ပါးနဲ့မားက ပြုံးနေသည့်အပြင် စွမ်းရည်ထက်တို့ကိုပါ ခေါ်ကာ အပြင်သို့ ရှောင်ထွက်ပေးကြသည်။ ထို့ကြောင့် သူတို့နှစ်ဦးသာ ကျန်ရစ်ခဲ့သည်။ သူလည်း လှဲလျက်အနေအထားဖြင့်ပင် ပိုင်မြင့်မြတ်ကျော်ကို ပြန်လည်ကာ ဖက်ထားဖြစ်သည်။ သူ့လည်ပင်းနားတွင် စိုစွတ်မှုကို ခံစားရသည့်အတွက် ပိုင်မြင့်မြတ်ကျော် ငိုနေခြင်းဖြစ်မှန်းသိရသည်။

နွေးထွေးမှုတို့လွှမ်းခြုံကာ( Completed) နွေးထွေးမှုတို့ လွှမ်းခြုံကာ(Completed)Where stories live. Discover now