Extra-2

533 24 0
                                    

(Unicode)

အရက်နာကျသည့်ဒဏ်မှာလည်း အတော်လေးကို ခံရခက်လှသည်။ သောက်တုန်းကတော့ အရှိန်လေးကလည်းရ၊ စကားလေးကလည်း တပြောပြောနှင့် သောက်ချင်သလို သောက်ချပြီး မူးရူးကွဲပြဲလာလိုက်တာ မနက်လည်းရောက်ရော ဒုက္ခခံရပါလေရော။ ထွန်းဝီရနဲ့သူရတို့နှစ်ယောက်က အကုန်လုံး လူစုပြီး သောက်ကြမည်ဆိုတာနှင့် ပိုင်မြင့်မြတ်ကျော်နဲ့ အာကာလင်းသန့်တို့လည်း ထိုနှစ်ယောက်အိမ်သို့ ရောက်သွားသည်။ ကလေးတွေကိုတော့ မားတို့အိမ်ကို သွားပို့ခဲ့ရသည်။

လူကြီးတွေချည်းပဲ လွတ်လွတ်လပ်လပ်ဖြစ်သည့်အလျောက် အာကာလင်းသန့်မှာ နဂိုကတည်းက သောက်ဖော်သောက်ဖက်၊ မူးဖော်ဖူးဖက် စွမ်းရည်ထက်နှင့် သူငယ်ချင်းနှစ်ယောက် စိတ်တူကိုယ်တူ ထင်တိုင်းကြဲခဲ့ကြသည်။ ခွန်းဝဏ္ဏမှာလည်း သူတို့နှင့်ပေါင်းပြီး ထိုနည်းတူပင်။ ကိုယ့်အိမ်ထောင်တွေနှင့် ကိုယ့်ကလေးတွေရဲ့ အလုပ်ကိုယ်စီရှုပ်နေကြရသော သူတို့အတွက် ဤသည်မှာ မဟာအခွင့်အရေးမဟုတ်ပေလား။ ထို့ကြောင့် ဆိုင်ရာပိုင်ရာများသည်လည်း မိမိတို့၏ အသည်းအသက်များအား နေချင်သလိုနေစေရန် တစ်ခွန်းတောင် ဝင်မတားခဲ့ကြပါ။ ခေါင်းမထောင်နိုင်အောင် မှောက်သွားကြတော့မှ ပွေ့ချီသည့်သူကပွေ့ချီ၊ ကုန်းပိုးသည့်သူက ပိုး၊ ကလေးလို ချီသည့်သူကချီဖြင့် အိမ်ပြန်ခေါ်ကြလေသည်။

"သန့် နိုးနေပြီလား"

အာကာလင်းသန့် အိပ်ယာထဖို့ အရှိန်ယူနေဆဲမှာပဲ ပိုင်မြင့်မြတ်ကျော်က သံပုရာရည်ခွက် ကိုင်၍ ဝင်လာသည်ကို တွေ့ရသည်။

"ဟုတ် ဦးမြတ်၊ ကျွန်တော့်ကို လာချီ"

ပိုင်မြင့်မြတ်ကျော်က ပြုံးကာ သံပုရာရည်ခွက်ကို စားပွဲပေါ် တင်လိုက်သည်။ ထို့နောက် သူ့ထံသို့ လျှောက်လာပြီး ဆွေ့ကနဲ ကောက်ချီလိုက်၍ ရေချိုးခန်းသို့ ခေါ်သွားပေး၏။

"ကိုယ့်ကလေးလေးက စောစောစီးစီးချွဲလို့ပါလား"

"စောစောစီးစီးလည်း ချွဲလို့မရဘူးလား"

"မရဘဲ နေပါ့မလား၊ ရပါတယ်ဗျာ၊ ကိုယ့်ကလေးလေး ချွဲချင်တဲ့အချိန်သာ ချွဲ"

နွေးထွေးမှုတို့လွှမ်းခြုံကာ( Completed) နွေးထွေးမှုတို့ လွှမ်းခြုံကာ(Completed)Where stories live. Discover now