Part 22

750 37 0
                                    

(Unicode)

ယခုဆိုလျှင် အာကာလင်းသန့် ဆေးရုံကနေ ပြန်ဆင်းလာပြီး လူကောင်းလုံးလုံး ပြန်ဖြစ်နေလေပြီ။ လူက ပြန်ကောင်းလာပေသိ စိတ်က နေမကောင်းချင်သေး။ အကြောင်းမှာ အိမ်တွင် ပန်းချီဆွဲလိုက်၊ ပိုင်မြင့်မြတ်ကျော်နှင့် လျှောက်သွားလိုက်၊ စွမ်းရည်ထက်တို့အတွဲနှင့်တွေ့လိုက် စသည်ဖြင့် သက်သက်သာသာ နေ,နေရခြင်းကြောင့်ဖြစ်သည်။ ဘယ်သူနှင့်ယှဉ်ယှဉ် သူတစ်ယောက်တည်း ဘာအလုပ်အကိုင်မှမရှိဘဲ သက်တောင့်သက်သာ ဖြစ်နေ၏။

ကြာလာတော့ သူ့ကိုယ်သူ ဆန်ကုန်မြေလေးလို့တောင် ခံစားလာရသည်။ ကိုခွန်းတောင်မှ ကာကာ့ကို လက်လွှတ်နိုင်ပြီဖြစ်၍ ဆေးခန်းပြန်ထိုင်နိုင်နေပြီ။ ထို့ကြောင့် မိသားစုထဲတွင် အားလပ်နေသည်မှာ သူနှင့် ကာကာသာလျှင် ဖြစ်၏။ ကာကာတောင်မှ တစ်နေ့လုံး ကလေးပီပီ ဆော့ချိန်စားချိန် ရှိနေတော့ အားသည်ဟုမဆိုသာ။ သူ့ထက်တောင် အလုပ်များဦးမည်။ ဒီအတိုင်းသာ အလုပ်မရှိ ထိုင်နေရရင် အပျင်းရောဂါ ဆွဲကပ်လာမည်တောင် စိတ်ပူရသည်။

*တီ*

ကားဟွန်းသံကြားရသည့်အတွက် ပိုင်မြင့်မြတ်ကျော် ရောက်လာပြီဆိုတာ သိရသည်။ ဧည့်ခန်းတွင် ထိုင်စောင့်နေရာမှ ချက်ချင်းပဲ အပြင်သို့ ပြေးထွက်မိသည်။

"ဖြည်းဖြည်းလာပါ သန့်ရယ်၊ ကိုယ်ဘယ်လောက်ကြာကြာ စောင့်နေမှာကို"

အမောတကောနဲ့ ထွက်လာသည့် သူ့ကို ပိုင်မြင့်မြတ်ကျော်က ပြောလေတော့သည်။

"ကျွန်တော် ပျင်းနေတာ၊ အပြင် မြန်မြန်သွားချင်နေလို့"

"အဲ့ဒါနဲ့ပဲ ဖိနပ်ကိုတောင် ကြိုးမချည်ဘဲ လာတယ်"

"ကိစ္စမရှိပါဘူး ဦးမြတ်ရာ၊ ကားပေါ်မှာပဲ ချည်လို့ရတယ်၊ အရေးမကြီးဘူး"

"ဒီကလေးကတော့"

ပိုင်မြင့်မြတ်ကျော်လည်း ကားထဲ ပြန်ဝင်ပြီး အာကာလင်းသန့်တို့ ခြံထဲမှနေ ကားကို မောင်းထွက်လိုက်သည်။ အာကာလင်းသန့်ကတော့ ကားပေါ်မှာ ကုန်းကုန်းကွကွနှင့် ဖိနပ်ကြိုးချည်ရင်း လိုက်ပါသွားသည်။ ဒီနေ့ အပြင်ထွက်ဖြစ်ကြတာ အာကာလင်းသန့် သွားချင်သည့်နေရာကို အရင်ကလို လိုက်ပို့ခြင်းမဟုတ်။ ပိုင်မြင့်မြတ်ကျော် ခေါ်သည့် နောက်ကိုသာ အာကာလင်းသန့်လိုက်ခြင်းဖြစ်သည်။

နွေးထွေးမှုတို့လွှမ်းခြုံကာ( Completed) နွေးထွေးမှုတို့ လွှမ်းခြုံကာ(Completed)On viuen les histories. Descobreix ara