ကျေးဇူးတင်လွှာ(ေက်းဇူးတင္လႊာ)

220 15 2
                                    

(Unicode)

အားလုံးပဲ မင်္ဂလာပါရှင်။ Reliဖြစ်ပါတယ်။ ရှေးဦးစွာ ဒီကျေးဇူးတင်လွှာထဲမှာ ဖော်ပြချင်တာကတော့ ကိုယ့်လိုမျိုး ပါချီပါချက်ဝါသနာရှင်တစ်ယောက်ရဲ့ ကမ္ဘာထဲကို အလည်လာပေးကြတဲ့ readerတစ်ယောက်ချင်းစီကို ကျေးဇူးတင်ကြောင်းပါ။ လိုအပ်ချက်တွေအများကြီးရှိနေလို့လည်း အားနာရပါတယ်။ အထူးသဖြင့် စာလုံးပေါင်းပေါ့နော်။ ကိုယ်လည်း တတ်နိုင်သလောက်ဆင်ခြင်ပေမယ့် တချို့နေရာတွေမှာ သောက်သောက်လဲအောင်ကို စာလုံးပေါင်းမှားတာတွေရှိနေနိုင်ပါတယ်။ ကျိုးကြောင်းတိုက်ဆိုင်တာတွေ မဖြစ်သွားမှာဖြစ်ဖြစ်၊ နားမလည်တာတွေဖြစ်သွားရင်ဖြစ်ဖြစ် သည်းခံပြီး ဖတ်ပေးတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ်ရှင်။

'နွေးထွေးမှု'က ကိုယ်ရေးခဲ့သမျှထဲမှာ စိတ်အပင်ပန်းဆုံးworkတစ်ခုဖြစ်ပါတယ်။ ဦးမြတ်နဲ့သန့်တို့ကို ပုံဖော်တာမှာ ကိုယ့်အတွက်အတော်လေးကို ခက်ခဲခဲ့ပါတယ်။ Plotဆိုတာပျောက်ပျောက်သွားတာ ခဏခဏပဲ။ နဂိုတည်းက ဒီလိုဖြစ်နေပါတယ်ဆိုမှ ဒေဝဒတ်ရဲ့တပည့် သားရေကြိုးတင်းအောင်ကိုင်နဲ့သူ့နောက်လိုက်တွေကြောင့် စိတ်ကအောက်ဆုံးထိထိုးကျသွားပြီး ဘာမှမလုပ်ချင်မကိုင်ချင်ဘဲ ဆက်မရေးတော့ဘဲထားဖို့တောင် ဖြစ်သွားတဲ့အထိပါ။ ဒါပေမဲ့ ကိုယ့်ကိုကိုယ် ပြန်အားတင်းပြီး ဆက်ရေးခဲ့ပါတယ်။ဒါကြောင့်မို့ ပုံမှန်မဟုတ်တဲ့ အခြေအနေဆိုးကြီးတစ်ခုမှာ ဆက်ရေးခဲ့ရတဲ့ ဇာတ်ရဲ့ တချို့နေရာတွေမှာ အမှားတွေအများကြီးပါနေမှာဖြစ်တဲ့အတွက် တောင်းပန်ပါတယ်ရှင်။

ဒါကတော့ ကိုယ်က readerတွေကို မှာချင်တာပါ။ အားလုံးပဲ ကိုယ့်ကိုကိုယ်ဂရုစိုက်ကြပါ။ ကိုယ်လုပ်နိုင်တဲ့တာဝန်ကိုယူရင်း တော်လှန်ရေးမှာလည်း ပါဝင်ပေးကြပါ။ ကိုယ်တို့ ရင်ဆိုင်နေရတဲ့ အရှည်လျားဆုံးနဲ့ အမှောင်မဲဆုံး သန်းခေါင်ယံကြီးကို ကျော်ဖြတ်ပြီးရင် အလှပဆုံးရောင်နီကိုတွေ့ရတော့မှာပါနော်။

Readerတွေဆီကို ကိုယ်Fantasy ficတစ်ပုဒ်နဲ့ပြန်လာခဲ့ပါမယ်။ ကိုယ့်အရေးအသားကို သဘောကျတယ်ဆိုရင် လာဖတ်လို့ရပါတယ်ရှင့်။ ဘယ်အချိန်လောက်ဖြစ်မလဲဆိုတာကတော့ ကိုယ်ဒီတစ်ခါ အချိန်အတိအကျမခန့်မှန်းနိုင်ပါဘူး။ တင်ပေးမယ့်အချိန်ရောက်မှ ဒီမှာPromotionလာဆင်းပါတော့မယ်။

နွေးထွေးမှုတို့လွှမ်းခြုံကာ( Completed) နွေးထွေးမှုတို့ လွှမ်းခြုံကာ(Completed)Όπου ζουν οι ιστορίες. Ανακάλυψε τώρα