Facts

353 14 0
                                    

(Unicode)

Storylineထဲမှာ မပါတဲ့ အချို့သော factလေးတွေကို ဒီpartထဲမှာ ရှင်းပြပေးသွားမှာပါနော်။ ဘာရယ်တော့မဟုတ်ပါဘူး ကိုယ့်characterတွေကို ပိုပြီး သိသွားစေချင်တဲ့ ရည်ရွယ်ချက်လေးနဲ့ပါ။ ကဲ ဒါဆို စကြတာပေါ့။
အချက်လေးတွေနဲ့ပဲ ရေးပြသွားမယ်နော်။

-လင်းသန့်တစ်ယောက် ပီဇာတစ်ချပ်လုံးကို တစ်ယောက်တည်း အကုန်စားတာကနေ အစာမကြေဖြစ်ပြီး ဆေးခန်းတစ်ခါရောက်သွားဖူးပါတယ်။ ဒါကြောင့်မို့ ဦးမြတ်က အဲ့လိုထပ်မဖြစ်အောင် သူ
ပီဇာစားပြီးရင်သောက်ဖို့ အစာကြေဆေးကို ဆောင်ထားတဲ့အကျင့်လုပ်ရတော့တာပဲ။ လင်းသန့်ကို အကုန်မစားနဲ့ပြောပြန်ရင် စိတ်ဆိုးသွားမှာကို မလိုလားတော့ အဆင်ပြေမယ့် ဒီနည်းကို ဦးမြတ်ခမျာ ရွေးရတယ်ပေါ့ရှင်။ ဒီလိုဆိုတော့ လင်းသန့်က တခြားအစားအသောက်တွေစားရင်လည်း အစာမကြေဖြစ်တယ်လို့ မတွေးနဲ့နော်။ ပီဇာစားပြီးရင်သာ အခန့်မသင့်တဲ့အခါ ဖြစ်တတ်တာပါ။

- လင်းသန့်ရဲ့အစ်ကို ကိုမင်းခန့်(အာကာမင်းခန့်)က ဦးမြတ်ထက်စာရင် အသက်၃နှစ်သာငယ်ပါတယ်။

- အာကာမင်းခန့်နဲ့ခွန်းဝဏ္ဏရဲ့ age gapကတော့ နှစ်နှစ်ဖြစ်ပြီး ခွန်းဝဏ္ဏက ငယ်တာပါ။

- ထွန်းလင်းက မြန်မာမှာ မွေးတာပါနော်။ အသက်နှစ်နှစ်မှာ UKကို မိဘတွေကပြောင်းသွားတဲ့အတွက်ကြောင့် UKမှာကြီးပြင်းလာရတာဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံသားကတော့ မြန်မာနိုင်ငံသားပဲ ခံယူထားတာပါရှင်။

- လင်းသန့် လှေကားပေါ်ကပြုတ်ကျပြီး comaဝင်သွားတဲ့အချိန်ကစလို့ စွမ်းထက် ဆေးလိပ်ဖြတ်လိုက်ပါတယ်။ ဆေးလိပ်လုံးဝ မသောက်တော့ပါဘူး။ သူ့စိတ်ထဲမှာ သူဆေးလိပ်သွားဝယ်လို့သာ ဖြစ်တယ်ဆိုပြီး တွေးနေခဲ့တာကြောင့်ပါ။

- မိုချီနဲ့ မိုတီတို့ရဲ့ အိမ်ခေါ်နာမည်တွေကို လင်းသန့်ပဲပေးတာပါ။ မိုချီကတော့ သူ့မျက်လုံးထဲမှာ မိုချီကိတ်လေးတွေနဲ့ တူတာကြောင့် မိုချီလို့ ပေးထားတာဖြစ်ပြီး မိုတီ့နာမည်ကိုကျတော့ နာမည်အရင်းဖြစ်တဲ့ ပိုင်မိုးတိမ်သန့်ရဲ့ အင်္ဂလိပ်လို Moe Tainက‌နေ မိုချီနဲ့တူသွားအောင် အတိုချုံ့လိုက်တဲ့ Mo.T (မိုတီ)ဆိုပြီး ပေးထားတာပါ။

နွေးထွေးမှုတို့လွှမ်းခြုံကာ( Completed) နွေးထွေးမှုတို့ လွှမ်းခြုံကာ(Completed)Where stories live. Discover now