Part 32

626 32 0
                                    

(Unicode)

လေးနှစ်ကြာပြီးသော်

ထမင်းစားပြီးနောက် ဆွဲလက်စ ပန်းချီကားအား လက်စသတ်ရန် ပန်းချီခန်းသို့ အာကာလင်းသန့် ပြန်လာသည်။ ဤပန်းချီကားက သူ့တစ်ကိုယ်တော် ပန်းချီပြပွဲအတွက် ဆွဲရမည့် နောက်ဆုံးပန်းချီကားဖြစ်သည်။ ဤတစ်ခုကို ဆွဲပြီးသည်နှင့် သူ အနှစ်နှစ်အလလ စောင့်ဆိုင်းလာခဲ့ရသော အိပ်မက်လေးမှာ အကောင်အထည်ပေါ်လာတော့မည်ကို တွေးကာ ပျော်ရွှင်မိနေသည်။ သီချင်းလေး တညည်းညည်းနှင့် တံခါးကို ဆွဲဖွင့်လိုက်ပြီးသည့်အချိန်မှာတော့ မိုးကြိုးအစင်းတစ်ရာ ခေါင်းတည့်တည့်ကို ပစ်ချလိုက်သယောင်၊ မီးမြားအစင်းတစ်ထောင် ရင်ဝကို လာစိုက်သလို၊ ကမ္ဘာမြေကြီးရဲ့ ဟိုးအောက်ဆုံးအထိ ဆွဲချခံသွားရသကဲ့သို့ ခံစားချက်နှင့် နှမြောတသဖြစ်မိသွားသည်။

သူ ဒီ့ထက် ပိုဆိုးရွားသော ဥပမာများနှင့်တောင် သူ့ရင်တွင်းဝေဒနာကို ဖော်ပြလို့ရရင် ဖော်ပြလိုက်ချင်သေးသည်။ ထိုလောက်ထိ ရင်ထုမနာဖြစ်ရသည်မှာ သူလွန်သည်လို့တော့ မထင်ပါ။ အဘယ့်ကြောင့်ဆိုသော် သူ့ရဲ့ ပြီးဆုံးခါနီး ပန်းချီကားလေးသည် ဆေးအနီရောင် လက်ဝါးရာများဖြင့် မရှုမလှ ပုံပျက်ပန်းပျက် ဖြစ်နေရှာသည်ကိုး။ သူ့နေရာမှာ တခြားသူဆိုလည်း သူ့လို ခံစားရမည် ထင်ပါသည်။

သူ့ရဲ့ ဝိညာဉ် ခန္ဓာကိုယ်ဆီမှ ခွဲခွာသွားသလို အခိုက်အတန့်တစ်ခု အံ့ဩမှင်သက်ပြီး ကြက်သေသေနေပြီးနောက်တွင် အဓိက လက်သည်တရားခံများအား မျက်စိရှေ့သို့ အရောက်ခေါ်ရန် သတိဝင်လာလေသည်။

"ပိုင်ဆည်းဆာသန့် ပိုင်မိုးတိမ်သန့်၊ အခုလာကြစမ်း"

အာကာလင်းသန့်ရဲ့ အော်သံကြောင့် ဝရန်တာလက်ရန်းတွင် အမောဖြေကာ အနားယူနေသော ခိုပြာတစ်ကောင်သည် လန့်ဖြန့်ပြီး အတောင်တဖျပ်ဖျပ်ခတ်ကာ တစ်ချိုးတည်း ထပျံသွားသည်။ သူကတော့ အားမရှိတော့သလို ကြမ်းပြင်ပေါ်တွင် ခြေနှစ်ချောင်း ဆင်းလျက်သား ထိုင်မိသွားသည်။

ခဏအကြာတွင် အခန်းထဲသို့ ဝင်မလာသေးဘဲ အခန်းဝမှာ ပြူတစ်ပြူတစ်ဖြစ်နေကြသော ခေါင်းလေးနှစ်လုံးအား လှုပ်လီလှုပ်လဲ့နှင့် တွေ့ရသည်။ အိမ်ခေါ်နာမည်တွေ မဟုတ်ဘဲ နာမည်အရင်းတွေ ခေါ်ချလိုက်တော့ နှစ်ယောက်သား သူတို့အပြစ်သူတို့သိပြီး ကြောက်နေကြပုံရသည်။ သူကပဲ စိတ်လျှော့ပြီး သူတို့ အထဲဝင်လာအောင် စကားစရတော့မှာပေါ့။

နွေးထွေးမှုတို့လွှမ်းခြုံကာ( Completed) နွေးထွေးမှုတို့ လွှမ်းခြုံကာ(Completed)Where stories live. Discover now