Part 17

756 39 0
                                    

(Unicode)

အာကာလင်းသန့်ရဲ့ မိဘတွေက ပိုင်မြင့်မြတ်ကျော်ကို ခေါ်ထား၍ အာကာလင်းသန့်ရဲ့ အိမ်သို့ ရောက်နေသည်။ ဧည့်ခန်းအတွင်းမှာ သူရယ်၊ အာကာလင်းသန့်ရဲ့ မိဘတွေရယ်အပြင် ကောင်လေးနှစ်ယောက်ရှိနေသည်။ တစ်ယောက်ကတော့ သူ့ထက် အသက်အနည်းငယ်သာ ငယ်ပုံရမည်ဖြစ်တာကြောင့် အာကာလင်းသန့်၏ အစ်ကိုဖြစ်မည်ဟု ခန့်မှန်းရပြီး ကျန်သည့် တစ်ယောက်က ဤမိသားစုနှင့် မည်သို့ တော်စပ်မည်မှန်း မသိချေ။ သို့ပေမယ့် သူအပါအဝင် သူနှင့်အတူ ဧည့်ခန်း၌ ထိုင်နေကြသူများမှာ တစ်ယောက်မှ မျက်နှာ မကောင်းလှ။ အာကာလင်းသန့်အတွက် စိတ်ထိခိုက်နေမှန်းသိသာသည်။

"ဧည့်သည်ကို ဒီအတိုင်းကြီး ထိုင်ခိုင်းထားရသလိုဖြစ်နေပြီ၊ အန်ကယ်ကပဲ စပြီး မိတ်ဆက်ပေးတော့မယ်၊ မင်းလည်း သိလောက်မှာပါ၊ အန်ကယ်က အာကာလင်းသန့်အဖေဆိုတာ၊ အခုခေါ်ရတာလည်း သားငယ်ရဲ့အကြောင်းနဲ့ ပတ်သတ်ပြီး မင်းကို သိစေချင်တာတွေ ပြောချင်တာကြောင့် ခေါ်လိုက်ဖြစ်တာ"

ဦးထိုက်ဝင်းဆွေက စကားခဏရပ်သည်။

"ဟုတ်ကဲ့၊ ကျွန်တော့်ကို ပွင့်ပွင့်လင်းလင်း ပြောလို့ရပါတယ်"

"အဓိကကိုပဲ အရင်ပြောတော့မယ်ကွာ၊ မင်းလုပ်ချင်တဲ့ ကိုယ်ပိုင်လုပ်ငန်း ထောင်ဖို့ အန်ကယ်တို့ ငွေကြေး အကူအညီပေးချင်တယ်၊ ဒါကို မငြင်းဘဲနဲ့ မင်းဘက်က လက်ခံပေးစေချင်ပါတယ်"

"ဗျာ၊ ဘာဖြစ်လို့ ကျွန်တော့်ကို"

"သားငယ်ရဲ့ ဆန္ဒကြောင့်ပါ"

ဒေါ်ယုယုမေက တိုးလျသော အသံဖြင့် သူ့ရဲ့ ပဟေဠိကိုဖြေပေးသည်။

"အန်တီတို့ သားငယ်ရဲ့ မိဘတွေ တာဝန်ကို ယူထားကြပေမယ့် သားငယ်အပေါ် မမျှော်လင့်ဘဲ စိတ်ဒဏ်ရာတွေပဲ ပေးမိနေခဲ့တယ်၊ ပြောရရင် သားငယ်က အန်တီတို့ရဲ့ သားအရင်းမဟုတ်ဘူး၊ မိဘမဲ့ဂေဟာမှာ သားကြီးရဲ့ ဆယ်နှစ်ပြည့်မွေးနေ့ သွားလုပ်ရင်း မွေးခါစအရွယ် နီတာရဲလေး သားငယ်ကိုတွေ့ပြီး ခေါ်လာခဲ့တာပဲ၊ ဘယ်တော့မှ ဒီ‌အကြောင်းကို ဖွင့်မပြောဘူးလို့လည်း ဆုံးဖြတ်ခဲ့တယ်၊ ဒါပေမဲ့ ကံတရားက သားငယ်ကို သိသွားစေတယ်လေ၊ အန်တီတို့လည်း သားငယ် အဖြစ်မှန်သိနေတာကို မနေ့က အန်တီ သူ့အခန်းဝင်ကြည့်ဖြစ်တော့မှ ဒိုင်ယာရီစာအုပ်ကို ဖတ်မိပြီး သိခဲ့ရတာ၊ သားငယ်ကို သားကြီးနည်းတူ ချစ်ပြီးသ‌ဘောထားကြောင်းပြောပြချင်ပေမယ့် အန်တီတို့ရဲ့ သားငယ်ကိုမှ ကံတရားက ထပ်ပြီး နှိပ်စက်တော့"

နွေးထွေးမှုတို့လွှမ်းခြုံကာ( Completed) နွေးထွေးမှုတို့ လွှမ်းခြုံကာ(Completed)Dove le storie prendono vita. Scoprilo ora