Part 24

805 34 0
                                    

(Unicode)

"ကိုယ်လက်မခံနိုင်ဘူး သန့်"

ဒီနေ့တွင် ကာကာတို့ မိသားစုသုံးယောက် အိမ်လာလည်သွားကြသည်။ ကိုကိုက သူ့ကိုတွေ့ချင်နေတာရော ကာကာကလည်း သူ့ကို သတိရနေတာကြောင့် ရောက်လာကြခြင်းပင်။ အိမ်ကိုရောက်ပြီဟေ့ ဆိုကတည်းက ကာကာသည် ကိုခွန်းလက်ထဲကနေ သူ့ဆီသို့ တန်းပြီး‌လာသည်။ သူ့ကိုတော့ ကာကာတစ်ယောက်က တော်တော်ခင်တွယ်သည်ဟု ထင်၏။ ကာကာတင်ပဲဆိုတော့ မဟုတ်ပြန်။ သူ့ကိုဆို ကလေး‌တွေက ကပ်ကြသည်။ အထင်ရှားဆုံး သာဓကအဖြစ် ပြောရရင် ကာကာမမွေးခင် လူဖြစ်‌နှင့်နေသော ထူးနှင့်ဆူးတို့ ညီအစ်မကို သက်သေပြရမည်။

ပိုင်မြင့်မြတ်ကျော်ကတော့ ကိုကိုနှင့်ကိုခွန်းတို့နှစ်ယောက်နှင့် စကားလက်ဆုံကျနေသည်။ သူလည်း စကားဝိုင်းထဲမှာ ပါ,ပါသည်။ သို့သော် စကားပြောဖို့ထက် ကာကာနှင့် ရေလိုက်ငါးလိုက်နေပေးဖို့ကို ပိုပြီး အားသန်၏။ ကိုခွန်းမှာ သားဖြစ်သူ ကာကာ့ကို လှည့်ကြည့်လိုက်၊ စကားပြောလိုက်လုပ်ပြီး စကားပြောရတာ ဆန့်တငန့်ငန့်နှင့်ရယ်ပါ။

ငြိမ်ငြိမ်လေး ငုတ်တုတ်ထိုင်လာရတာ ကြာလာ၍ထင့် ကာကာက သူ့ကို အိမ်ထဲလျှောက်သွားရန် မပီတပီ ပူဆာလာ၏။ နှစ်နှစ်‌နဲ့နှစ်လရှိပြီဖြစ်သော ကာကာသည် စကားအနည်းအကျဥ်းပြော တတ်နေပြီး ဟိုစပ်စပ်ဒီစပ်စပ် စူးစမ်းချင်သည်။ တူဖြစ်သူ လူလည်ဖိုးပြုံးချိုလေး တောင်းဆိုတာကို သူလည်း အဘယ်မှာ ငြင်းနိုင်ပါမည်လဲ။ စိတ်တိုင်းကျသာ အိမ်အနှံ့ လိုက်ပို့မိသည်။

အိမ်တစ်အိမ်လုံး မီးဖိုချောင်အစ၊သူ့ပန်းချီခန်းအလယ်၊ ဂိုဒေါင်အဆုံးနှံ့စပ်အောင် ကာကာ့ကို လက်ဆွဲပြီး လိုက်ပြဖြစ်သည်။ ကာကာ့ကိုခေါ်ပြီး လျှောက်သွားသည့်အချိန်တွင် သူကိုယ်တိုင်ရဲ့ စိတ်ထဲမှာ လောဘမမည်သော လိုချင်စိတ်လေးတစ်ခု ဖြစ်ပေါ်လာသည်။ ထိုဖြစ်ချင်တဲ့ စိတ်‌ဆန္ဒလေးအား ကာကာတို့မိသားစု ပြန်သွားချိန်မှာ လုပ်သင့် မလုပ်သင့် ခေါင်းအေးအေးထားကာ စဉ်းစား၏။ စဉ်းစားခဲ့ခြင်းရဲ့ နောက်ဆုံးအဖြေအတိုင်း ပိုင်မြင့်မြတ်ကျော်ကို ပြောကြည့်ဖြစ်သည်။ သူမျှော်လင့်ထားပြီးသည့် စကားကိုသာ ပိုင်မြင့်မြတ်ကျော်က တုံ့ပြန်သည်။ ပိုင်မြင့်မြတ်ကျော်အနေနဲ့ မည်သို့သော အကြောင်းအရာနှင့်မှ သူ့ကို အသာတကြည် ခွင့်ပြုပေးနိုင်စရာမရှိ။

နွေးထွေးမှုတို့လွှမ်းခြုံကာ( Completed) နွေးထွေးမှုတို့ လွှမ်းခြုံကာ(Completed)Where stories live. Discover now