Part 30

855 28 0
                                    

(Unicode)

ပိုင်မြင့်မြတ်ကျော်နဲ့ အာကာလင်းသန့်တို့ရဲ့အိမ်ဟာ အမြွှာတွေရဲ့ ငိုသံလေးတွေကြောင့် ပိုမိုစိုပြည်လာသည်။ ကလေးတွေကိုကြည့်ရန် ရောက်လာကြသည့်သူတွေဆိုတာ သူတို့အိမ်တွင် မပြတ်။ ပိုင်မြင့်မြတ်ကျော်ဆိုလျှင် သမီးနဲ့သားကို မခွဲနိုင်ဖြစ်နေတာရော အာကာလင်းသန့်ကို ကလေးကူထိန်းပေးဖို့ပါ အိမ်မှာပဲ နေဖြစ်ပြီး အလုပ်ကို ရက်တော်တော်ကြာမရောက်သည့် အခြေအနေဆိုက်နေသည်။ အတွင်းရေးမှူးကောင်းသက်ဦးက ပိုင်မြင့်မြတ်ကျော်ကို အလုပ်မှာမရှိဘဲ အကြာကြီးလစ်လပ်နေတာ အဆင်မပြေကြောင်း မကြောက်မရွံ့‌ပြောဆိုပြီး အလုပ်ကိုလာဖို့ တောင်းတောင်းပန်ပန်ပြန်ခေါ်ရှာပါသည်။ ထိုအခါတွင်မှ ပိုင်မြင့်မြတ်ကျော်တစ်ယောက် အလုပ်သွားဖို့ ဆုံးဖြတ်လေသည်။

သူတို့နှစ်ယောက်ရဲ့ အိပ်ခန်းတွင်း၌ အခုဆိုလျှင် အမြွှာတွေရဲ့ ပုခက်လေးနှစ်လုံးကလည်း နေရာယူထားသည်။ မမွေးခင်အချိန်ကတည်းက ကလေးတွေအတွက် အခန်းသီးသန့် ခွဲပေးထားသည်ဆိုသော်လည်းပဲ (၇)လ၊(၈)လရောက်မှသာ အခန်းခွဲသိပ်တော့ရန် နှစ်ယောက်သဘောတူထားသည်။ အခုလောလောဆယ် ဘယ်အခန်းမှ မခွဲသေးသည့်အတွက် ညရေးညတာနို့ဆာတာမျိုး၊ အိပ်မပျော်ဘဲ ငိုတာမျိုး၊ သေးခံလဲပေးရတာမျိုးတို့ကို ချက်ချင်းလက်ငင်း မြန်မြန်ဆန်ဆန်ထပြီး ချော့ပေး၊ နို့တိုက်ပေးစသည်ဖြင့် ပြုလုပ်နိုင်သည်။

ဆေးရုံကနေ ဆင်းလာစတုန်းက တစ်ရက်နှစ်ရက်လောက်တော့ ကလေးတွေကို ပြုစုစောင့်ရှောက်ရတာ အသားမကျသေးသောကြောင့် နှစ်ယောက်သား အိုးနင်းခွက်နင်းဖြင့် အလွဲလွဲအချော်ချော် ဖြစ်ကြသေးသည်။ ဘယ်လောက်ပဲ ကလေးထိန်းတာနှင့် ပတ်သတ်၍ စာအုပ်တွေရှာပြီး ကြိုဖတ်ထားထား တကယ့်လက်တွေ့ ထိန်းကြရပြီလည်းဆိုတော့ မလုပ်တတ်လုပ်တတ်နှင့် ခပ်လွဲလွဲတွေတော့ ဖြစ်စမြဲပင်။ ဤအချိန်တွေက မိဘဖြစ်လာလာချင်း ကြုံရသည့် အမှတ်တရကောင်းတွေဟု ဆိုရမည်။ တစ်ချိန်ချိန် အမြွှာတွေ အရွယ်ရောက်လာလို့ သူတို့ငယ်စဉ်က အကြောင်းတွေ ပြန်ပြောင်းပြောကြလျှင် အဖေနှစ်ယောက်ရဲ့အလွဲတွေကို မောင်နှမနှစ်ယောက် ခွက်ထိုးခွက်လန် ရယ်ကြမည်မှာ မလွဲမသေ။ အကြောင်းအရင်းဆိုရသော် သူတို့နှစ်ယောက်ကလည်း အတော်လေး လွဲထားကြပေသည်ကိုး။

နွေးထွေးမှုတို့လွှမ်းခြုံကာ( Completed) နွေးထွေးမှုတို့ လွှမ်းခြုံကာ(Completed)Where stories live. Discover now