Part 31

622 27 0
                                    

(Unicode)

ကလေးတွေဇောနဲ့ ဆေးရုံကို အသော့နှင်လာမိကာ ရှိသမျှ အလုပ်တွေကို ပစ်ချထားခဲ့သည်။ ရှယ်ယာရှင်တစ်ယောက်နှင့် တွေ့ဖို့ ချိန်းထားပြီးဖြစ်တာတောင် ဒီနေ့ကို ဖျက်ခိုင်းပြီး နောက်တစ်နေ့အား ပြောင်းလဲကာ ချိန်းဆိုရန် ကောင်းသက်ဦးကို မှာကြားခဲ့သည်။ ဤအကြိမ်သည် သူ့ဘက်မှ ပထမဦးဆုံးကတိဖောက်ဖျက်ခြင်း။ ထို့အတွက်ကြောင့် ကောင်းသက်ဦးအား တစ်ဖက်ရှယ်ယာရှင်ကို သူ့ကိုယ်စားတောင်းပန်ပေးဖို့ အရေးတကြီး မှာကြားဖြစ်သည်။ သူနှင့် လူချင်းတွေ့ပြီး ဆွေးနွေးသည့်အခါတွင်လည်း သေချာတောင်းပန်ဖို့ သူစဉ်းစားပြီးသား။ ကောင်းသက်ဦးမှာ သူ့မှာကြားချက်တွေကို တ‌သွေမသိမ်းလိုက်နာမည် ဆိုသည့်အကြောင်းနှင့် ကလေးတွေကိုသာ ဂရုစိုက်ရန် သူ့အား တစ်ဖန်ပြန်ပြောသည်။

"သန့်"

ဆေးရုံထဲဝင်ခါစရှိသေး အာကာလင်းသန့်နှင့် ကလေးတွေကို တန်းတွေ့ရသည်။ ခန့်မှန်းရပုံထောက် စမ်းသပ်ပြီးသွားပြီထင်၏။ အနားသို့ ခပ်မြန်မြန်သွားလိုက်ပြီး ဒေါ်ကြီးတင့်လက်ထဲမှ သားကို လက်လွှဲယူလိုက်သည်။ သားက ပုံမှန်မဟုတ်။ အသားအရည်က ခပ်ဝါဝါဖြစ်ကာ လူကလည်း မှိန်းနေသည်။ သမီးကို ကြည့်မိတော့လည်း ထိုနည်းလည်းကောင်း။ ကလေးတွေကို အကဲခတ်အပြီး အာကာလင်းသန့်ကိုကြည့်တော့ ကလေးတွေကို အတော်လေးစိုးရိမ်နေသေးသည့် အရိပ်အယောင် မြင်ရသည်။

"ဘာဖြစ်တာတဲ့လဲ သန့်"

ကားပါကင်ကိုပြန်ရင်း စကားပြောဖြစ်ကြသည်။

"အသားဝါဖြစ်တာတဲ့ ဦးမြတ်၊ ဆရာဝန်က မစိုးရိမ်နဲ့လို့တော့ ပြောလိုက်တာပဲ"

အာကာလင်းသန့်ရဲ့ စကားပြောသည့်အသံဟာ အလွန်ကိုမှ နွမ်းလျနေပြီး ငိုချင်စိတ်ကို ထိန်းချုပ်ထားသည့် အသံနေအသံထားပေါက်နေသည်။

"ထွေထွေထူးထူးရောဂါ မဟုတ်လို့ တော်သေးတာပေါ့၊ ဆရာဝန်ပြောတဲ့အတိုင်း လိုက်နာရင် ပျောက်သွားမှာပါ"

ဆေးရုံတက်ပြီး ကုသရလောက်တဲ့အထိ မဟုတ်တာပဲ ကျေးဇူးတင်ရမည်။ မဟုတ်ရင် သူ့ကလေးလေးက ကလေးတွေစိတ်နှင့် အရင်လဲလိမ့်မှာကို မြင်ယောင်နေသည်။

နွေးထွေးမှုတို့လွှမ်းခြုံကာ( Completed) နွေးထွေးမှုတို့ လွှမ်းခြုံကာ(Completed)Where stories live. Discover now