Part 18

753 34 2
                                    

(Unicode)

"စွမ်းထက် မင်းမမောင်းဘူးလား"

စွမ်းရည်ထက်၏ကားက တစ်နေရာမှ မရွေ့သေးဘဲ ဆေးရုံဝင်းထဲမှာပဲ ရှိနေသေးသည်။ ကားစတီယာရင်ကို ကိုင်ထားပေမယ့် စက်လည်းမနှိုးသလို ရှေ့တူရူကိုသာ ကြည့်ပြီး ငြိမ်သက်နေသည့် စွမ်းရည်ထက်ကို ထွန်းလင်းသီဟ ထို့ကြောင့် မေးလိုက်သည်။ သူ့မှာလည်း ကားအပိုင်ရှိတာ သူ့ကားနဲ့သူ သွားလာလို့ရသော်လည်း သူမသွား။ စွမ်းရည်ထက်ရဲ့ စိတ်အခြေအနေကို သူအသိဆုံးဖြစ်တာကြောင့် အခုတလော စွမ်းရည်ထက် ဘယ်သွားသွား စွမ်းရည်ထက်ဘေးတွင် သူပါသည်။

စွမ်းရည်ထက်ကို မြင်ရသလောက် စွမ်းရည်ထက်သည် စိတ်ဓာတ်အတန်ငယ်ထိခိုက်လွယ်ပြီး သူ့အနီးအနားရှိ ဆက်နွယ်ရာ လူတွေအပေါ် ဘာမှအဖြစ်မခံနိုင်လောက်သည့် လူမျိုးဖြစ်သည်။ စွမ်းရည်ထက်ရဲ့ အတွင်းစိတ်အစစ်အမှန်ကို သူမြင်နိုင်ခဲ့ခြင်းက စွမ်းရည်ထက်ကို အရိပ်တကြည့်ကြည့် ရှိနေလို့လား မပြောတတ်။

"အင်း၊ မင်းမောင်းလိုက်"

စွမ်းရည်ထက်ဆီက တုံ့ပြန်စကားကို ကြားရသည်နှင့် ကားမောင်းရန် နေရာလဲထိုင်သည်။ ထို့နောက် ဆေးရုံဝင်းထဲကနေ ထွက်ခွာသည်။ စွမ်းရည်ထက်က ဘယ်ကိုသွားမည်လို့လဲ မပြောတာကတစ်ကြောင်း၊ စွမ်းရည်ထက်ကို သူခေါ်သွားချင်တဲ့နေရာ ရှိတာကတစ်ကြောင်းကြောင့် သူလိုရာကိုသာ ခရီးနှင်ဖြစ်သည်။ သူ့‌အနေနဲ့ စွမ်းရည်ထက် ထူထူထောင်ထောင် မရှိသည်ကို မြင်ရတာ စိတ်မသက်သာလှ။ သူကိုယ်တိုင်ပါ မွန်းကြပ်လာသည်။

စိတ်က လူတစ်ယောက်ကို အလုံးစုံ ထိန်းချုပ်နိုင်ပေသည်။ တစ်စုံတစ်ခုကြောင့် စိတ်ထိခိုက်သွားလျှင် ခန္ဓာကိုယ်ကပါ တဖြည်းဖြည်း လိုက်ပါထိခိုက်လာသည်။ ဥပမာဆိုရသော် စိတ်မကောင်းခြင်းကြောင့် အိပ်မပျော်ခြင်း၊ ထမင်းစားမဝင်ခြင်း၊ ဘာအလုပ်မှမလုပ်နိုင်မကိုင်နိုင်ခြင်း၊ လန်းလန်းဆန်းဆန်းမရှိဘဲ လေးလံထိုင်းမှိုင်း‌ခြင်းတို့ ဖြစ်သည်။ ထို့အတွက်ကြောင့်လည်း 'စိတ်ချမ်းသာမှ ကိုယ်ကျန်းမာမည်' ဆိုသောစကားက ပြယုဂ်အဖြစ် ရှ်ိနေခြင်းပင်။

နွေးထွေးမှုတို့လွှမ်းခြုံကာ( Completed) နွေးထွေးမှုတို့ လွှမ်းခြုံကာ(Completed)Where stories live. Discover now