Part 19

733 39 2
                                    

(Unicode)

တစ်နှစ်ခွဲကြာပြီးနောက်

"အဲ့လိုနဲ့ သန့်ရယ်၊ ဟိုနှစ်ယောက်က လူပျိုကြီး ရှေ့လည်းမရှောင် အချစ်စမ်းရင်း ရန်ထဖြစ်ကြတာ စွမ်းထက်က သူ့လက်ထဲက ပန်းကန်လုံးနဲ့ ထွန်းလင်းကို လှမ်းပေါက်တယ်လေ၊ ထွန်းလင်းကို မထိဘဲ လူပျိုကြီးကို သွားထိတယ်၊ လူပျိုကြီး ထိပ်ပေါက်သွားရှာတယ်၊ သူလည်းအခုမှ တူနှစ်ယောက်ရသလို ဖြစ်ပြီး အရင်ကထက်တောင် ပိုဆိုးနေသေးတယ်၊ သနားတော့လည်း သနားပါတယ်၊ ဪ ပြီးတော့ ရှိသေးတယ်၊ ကာကာလေးတောင် (၁၀)လပြည့်ခါနီးပြီ၊ သန့် နိုးလာရင် သန့်တူကို တွေ့ပါလိမ့်မယ်၊ ဒီကောင်က အရမ်းလည်တာ သန့်ရ၊ ပန်ကာ့ထိပ်က ဝက်အူလိုပဲ၊ တွေ့သမျှလူကိုလည်း ချစ်အောင် လုပ်တတ်တယ်၊ မျက်နှာကလည်း တော်တော်ချိုတာ၊ ဆရာသမားက ကြီးလာရင် လူကြီးတွေကို ရောင်းစားမယ် ထင်တယ်ကွာ"

အာကာလင်းသန့်ရဲ့ လက်ချောင်းလေးတွေကို ပိုင်မြင့်မြတ်ကျော် သူ့လက်နဲ့ နူးညံ့စွာ ကိုင်တွယ်ပြီး တိရိနေအောင် လက်သည်းညှပ်ပေးနေသည်။ နှုတ်မှလည်း အာကာလင်းသန့်ကို တဖွဖွနှင့် စကားပြောမပြတ်။ ဤသည်ကား သူ အာကာလင်းသန့်အတွက် လုပ်ပေးဖြစ်သည့် လုပ်ရိုးလုပ်စဉ်တစ်ခုသာ ဖြစ်သည်။ တစ်ခါတလေ သူ့အလုပ်က အကြောင်းတွေ ပြောပြဖြစ်ပြီး အချို့အချိန်တွေမှာ ဒီနေ့လိုမျိုး သူငယ်ချင်းတွေအကြောင်း ပြောဖြစ်သလို ရံဖန်ရံခါ သူနဲ့ အာကာလင်းသန့်ရဲ့ အရင်က အကြောင်းတွေ ပြောပြသည်။

ယနေ့ အချိန်အထိ အာကာလင်းသန့်ဆီသို့ သူတစ်ရက်မပျက် အမြဲလာသည်။ နေမကောင်းသည့်နေ့၊ အလုပ်အရမ်းများသည့်နေ့တွေ ဆိုလျှင်တောင် အမြဲလာသည်။ ပန်းရောင်နှင့်အဖြူရောင် နှစ်ရောင်စပ် နှင်းဆီပန်းများကိုလည်း မပျက်မကွက် ယူလာတတ်သည်။ သူကိုယ်တိုင် ပန်းတွေကို စနစ်တကျ အရွက်ခြွေခြင်း၊ ရိုးတံသင်ခြင်း စသည်ဖြင့် ပြုလုပ်ကာ အာကာလင်းသန့်ရဲ့ ခေါင်းရင်းက ပန်းအိုးလေးတွင် ထိုးပေးလေ့ရှိသည်။ ဤသည်မှာ အာကာလင်းသန့် သတိရလာသည့်အခါ ဆေးရုံက အနံ့အသက်တွေကို အရင်ဆုံးမရှူမိဘဲ ပန်းနံ့သင်းသင်းလေးကို ရှူရှိုက်ရင်း နိုးထလာစေရန် စီစဉ်သည့် သူ့ရည်ရွယ်ချက်။ ပန်းအိုးထိုးရန် ပန်းရွေးခဲ့ရာတွင်လည်း အာကာလင်းသန့်ကို သူပြောချင်သည့် ခံစားချက်နှင့် ကိုက်ညီသော ပန်းကို သူကိုယ်တိုင် မွှေနှောက်ရှာဖွေခဲ့ခြင်း။

နွေးထွေးမှုတို့လွှမ်းခြုံကာ( Completed) နွေးထွေးမှုတို့ လွှမ်းခြုံကာ(Completed)Where stories live. Discover now