ရှုမငြီးသော နတ်​ဆေးရှင်​ (၂၉)

1.4K 310 5
                                    

ရှုမငြီးသော နတ်​ဆေးရှင်​ (၂၉)
~~~~~~~~~~~~~~~~~~~~~~~

လူတိုင်း ပန်းပွင့်​လို အရောင်​တောက်​နေတဲ့ အနှီပြည့်​တန်​ဆာခေါင်းဆီ အာရုံရောက်​နေတုန်း အခွင့်​ကောင်းယူကာ မင်​ရှု သူမဘေးလူဆီက ဓားကို ဆွဲထုတ်​လိုက်​တော့တယ်။ ပြီးတာနဲ့ ဓားလက်​ဆွဲလျက်​ သခင်​(၄)ဆီကို လေပြင်းအဟုန်​လို အရှိန်​မျိုးနဲ့ ပြေးသွားလေတယ်​။

သခင်​(၄)ရဲ့ အင်​အားကလဲ နည်​နည်​ရရမဟုတ်​ဘူး။ အန္တရာယ်​အငွေ့အသက်​တွေ ချဉ်းကပ်​လာတာနဲ့ သူ ချက်​ချင်းကို အတွင်းအားတွေ စုပြီး ဓားချက်​ကို ကာကွယ်​လိုက်​လေရဲ့။

ဓားချက်​က မမြင်​ရတဲ့ ချီအတွင်းအား အကာရံကို ထိခတ်​သွားပြီး မီးပွားလေးတွေ ပွင့်​ထွက်​သွားခဲ့တယ်​။ ဘေးပတ်​ဝန်းကျင်​က လူတွေလဲ လန့်​သွားတဲ့ သတ္တဝါလေးတွေလိုမျိုး ထပြေးကုန်​ရော။ နောက်​ဆုတ်​ရှောင်​ဖယ်​လို့ တိုက်​ပွဲအတွက်​ နေရာပေးကြတာပေါ့။

မင်​ရှု ဓားချက်​ကို အားသုံး ဖိထိုးလိုက်​တယ်​။ ချီအတွင်းအား အကာရံပေါ်ကနေ မီးပွားတွေ ပိုလို့ ထလာတော့တယ်​။

သူ့ကိုယ်​ပေါ် သက်​ရောက်​နေတဲ့ ဓားစွမ်းအားက အတော်​လေး ဖိအားများတယ်​လို့ သခင်​(၄) ခံစားမိပါတယ်​။ သူ တစ်​ချက်​ကလေး အာရုံများမိလိုက်​တာနဲ့ ချီတံတိုင်းအကာအရံကို ထိုးဖောက်​လာပြီး သူ့ကို နှစ်​ခြမ်းပိုင်းလိုက်​နိုင်​လောက်​အောင်​ကို အားပြင်းနေတယ်​။

'ဒီမိန်းမ အတွင်းအားက ဘာလို့ ဒီလောက်​တောင်​ ပြင်းနေရတာလဲ'

ပိုထူးဆန်းတာက သူမရဲ့ စွမ်းအားအတိမ်​အနက်​ကို သူ တိတိပပ မမြင်​နိုင်​၊ မမှန်းနိုင်​ခဲ့တာပဲ။

ရွှား—

ဝုန်း...!

သခင်​(၄)မှာ လက်​နက်​ပါထုတ်​ပြီး မင်​ရှုကို ပြန်​တိုက်​ရတော့တယ်​။ သူ့လက်​နက်​က ပထမတန်းစား စိတ်​ဝိညာန်​ လက်​နက်​ပဲ။ မင်​ရှုလက်​မှာတော့ ရိုးရိုးသာမန်​ဓားတစ်​လက်​သာ ရှိနေတယ်​။ ဒါပေမဲ့ ဒီတိုက်​ပွဲမှာ မင်​ရှု အရေးမနိမ့်​နေဘူး။

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိWhere stories live. Discover now