ရှုမငြီးသော နတ်​ဆေးရှင်​ (၆)

2.3K 505 10
                                    

ရှုမငြီးသော နတ်​ဆေးရှင်​ (၆)
~~~~~~~~~~~~~~~~~~~~~~

အခုချိန်​လောက်​ဆို ရှောင်းရုဖုန်းလည်း ဝိညာန်​ပြောင်းလဲပြီးသွားလောက်​ပြီ။ ဇာတ်​လိုက်​မင်းသာိးဲ့လည်း တစ်​ခေါက်​လောက်​တော့ တွေ့ပြီးသွားလောက်​ပြီ။ ဒါမှမဟုတ်​ အခေါက်​ခေါက်​အခါခါ တွေ့ပြီး ဆုံပြီးဖြစ်​ရင်​လည်း ဖြစ်​မှာပေါ့။ အေး၊ ဒါတွေက အရေးမကြီးဘူး။ ...အခု အရေးကြီးတာက ရှောင်းရုဖုန်းဟာ ဇာတ်​လိုက်​မင်းသား ဖုန့်​ချန်​ရဲ့ အာရုံစိုက်​မှုကို အောင်​မြင်​စွာ ရသွားခဲ့ပြီး ဖြစ်​တာပဲ။ ရှောင်းရုဖုန်းဟာ ကောလဟလတွေထဲကလို မဟုတ်​ဘူးဆိုတာ ဖုန့်​ချန်​ သိသွားပြီ။

ဒါပေမဲ့ သတ္တမမင်းသားရဲ့ ကြင်​ယာတော်​ အလောင်းလျာနေရာကို လောလောဆယ်​မှာ ယူထားတာက ရှောင်းရုဖေးဖြစ်​နေတယ်​။ ဖုန့်​ချန်​ ရှောင်းရုဖေးကို မကြိုက်​ဘူးဆိုရင်​တောင်​ သူ ဝေဒနာခံစားနေရမှာကို ဘေးကနေ ရပ်​ကြည့်​နေလို့ မကောင်းဘူးလေ။ ရှောင်းအိမ်​တော်​မျက်​နှာကို ထောက်​ရဦးမှာပေါ့။

ဒါပေမဲ့ မင်​ရှုရဲ့ ကမ်းလှမ်းချက်​ကို လိုက်​ခံလိုက်​ပြန်​ရင်​လည်း ပိုင်​အိမ်​တော်​ကို စော်​ကားရာ ရောက်​ဦးမယ်​။

သူက မင်းမျိုးမင်းနွယ်​တစ်​ပါးဆိုပေမဲ့၊ တကယ်​တမ်းမှာ မင်းမျိုးမင်းနွယ်​နဲ့ ဒီဂုဏ်​သရေရှိအိမ်​တော်​ကြီးတွေကြားမှာ ကွက်​လပ်​ကြီးတွေ ခံနေတာရှိတယ်​။ တတ်​နိုင်​ရင်​ ဘယ်​မျိုးကြီး ရိုးကြီး အိမ်​တော်​တွေကိုမှ သွား မထိပါးတာ အကောင်းဆုံးပဲ။ မဟုတ်​ရင်​ ပြဿနာတွေ ရှိလာမယ်။

"ကျစ်​ပေါ် မိန်းကလေး တခြား တောင်းဆိုမှု ပြုလို့ မရဘူးလား..." သူ့သခင်​ တွေဝေနေတာတွေ့တော့ ကိုယ်​ရံတော်​ကပဲ ဖွင့်​ဟ မေးလိုက်​တော့တယ်​။ "ဘယ်​လို ရှားပါး အဖိုးတန်​တဲ့ အရာဖြစ်​ဖြစ်​... မိန်းကလေး ပြောလိုက်​ရုံပါပဲ၊ တော်​ဝင်​မျိုးနွယ်​ကရော ရှောင်းအိမ်​တော်​ကပါ မိန်းကလေး အလိုကျ ဖြစ်​စေရပါမယ်..."

ဒီစကားတစ်​ခွန်းတည်းနဲ့ ရှောင်းအိမ်​တော်​ကိုပါ ဈေးညှိနှိုင်းတဲ့အထဲ ဆွဲထည့်​ပစ်​လိုက်​ပြီ။ မင်​ရှု ဘာပဲ တောင်းဆို တောင်းဆို ရှောင်းအိမ်​တော်​ကလည်း တစ်​ဝက်​တော့ အကုန်​ကျခံရတော့မယ်​လေ။

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိWhere stories live. Discover now