ရှုမငြီးသော နတ်ဆေးရှင် (၂၅)
~~~~~~~~~~~~~~~~~~~~~~~"ငါ ကတိတည်ခဲ့တုန်းက နင် ငါ့ကို ကျွန်တစ်ယောက်လို ဆက်ဆံခဲ့တာ... အခု နင်က ဒီသဘောတူညီချက်ဆိုတဲ့ဟာကြီးကို ဆက်ပြီး လိုက်နာဖို့ လာပြောနေတယ်... ပိုင်မိန်းကလေး၊ နင် သိပ်ရယ်ရတာပဲနော်" 'မူလခန္ဓာရှင်က ပိန်းတိန်းလေးဖြစ်နေတာနဲ့ပဲ နင်က ငါ့ကိုပါ ငပိန်းမ ထင်နေတာလား... အ,ရန်ကော...!'
"အဲ့ဒါ နင့်ဆရာ ငါ့အမေအပေါ် အကြွေးတင်နေခဲ့တာလေ..." ပိုင်ယန့်ရန်ကတော့ အလျော့မပေးသေးဘူး။ "ငါ့အမေကြောင့်သာ မဟုတ်ရင် နင့်ဆရာ သေသွားတာ ကြာလှပေါ့"
"ဒါတွေအားလုံး နင့်အမေနဲ့ ငါ့ဆရာကြားမှာ ဖြစ်ပျက်ခဲ့တာတွေပဲ... ငါနဲ့ ဆိုင်နေလို့လား" မင်ရှု မျက်ခုံးတစ်ဖက်ပင့်လိုက်ကာ ရယ်လေတယ်။ "ငြင်းခုန်နေချင်တယ်ဆိုရင်လည်း ငါ့ဆရာကိုပဲ သွားပြော... ငါတော့ သူ့ဆီ စကားပါးပေးနိုင်စွမ်းမရှိလို့..."
"နင်..."
မင်ရှု ဒီလောက် စိမ်းကားပြီး မလျော်မကန်တွေ ပြုမူလိမ့်မယ်လို့ ပိုင်ယန့်ရန်တစ်ခါမှ မတွေးထားဖူးဘူး။
ပိုင်ယန့်ရန်မှာ နောက်ဆုံးလက်နက် ထုတ်သုံးရတော့တယ်။ "နင် ကျေးဇူး မသိတတ်တာကို တစ်လောကလုံး သိသွားပြီး တံတွေးခွက် ပက်လက်အမျောမခံချင်ရင် ငါ့မျက်နှာကို ကုပေး...! မဟုတ်ရင် နင် နာမည်ပျက်သွားစေရမယ်"
"အလို၊ ငါ လူတွေအများကြီးကို အပြစ်ပြုမိထားတာ... နောက်ထပ် လူတွေကို ထပ် အပြစ်ပြုမိလို့လည်း ဘာမှ ထူးသွားမှာ မဟုတ်ဘူး... သဘောရှိသလိုသာ လုပ်" 'အမုန်းရမှတ်ကို သက်သောင့်သက်သာနဲ့ အချောင်ရမဲ့ အကွက်ပဲ... များများရလေ ပိုကောင်းလေ'
ပုဝါအောက်မှ ပိုင်ယန့်ရန် မျက်နှာကတော့ ရှုံ့မဲ့သထက် ရှုံ့မဲ့လာပြီ။ သူ အံတကြိတ်ကြိတ်နဲ့ ပြန်ပြောတော့တာပဲ။ "ကျစ်ပေါ်...! ကောင်းပြီလေ၊ နင် စောင့်ကြည့်နေလိုက်"
သူ ခြာကနဲ လှည့်လိုက်ပြီး ထွက်သွားမယ်လုပ်တယ်။ ဒါပေမဲ့ လျိုဖုန်း လက်နက်ထုတ်လာပြီး သူ့လမ်းကို ပိတ်တားလိုက်တယ်။
YOU ARE READING
ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိ
Humorဝတ္ထုပေါင်း ဇာတ်လမ်းပေါင်း မြောက်များစွာကနေ ဖြစ်ပေါ်လာတဲ့ လောကတွေ ကမ္ဘာတွေဆီကို သွားလို့ရတယ်လို့ စိတ်ကူးကြည့်ပါလား။ သင်သာဆိုရင် ဘယ်ဇာတ်ရုပ်ကနေ နေမယ်လို့ စိတ်ကူးရှိပါသလဲ။ လျှမ်းလျှမ်းတောက်နေမယ့် ဇာတ်လိုက်ဖြစ်ချင်ပါသလား။ လူကောင်...