ကောလဟလ ဘုရင်​မ (၁၀)

4.9K 855 6
                                    

ကောလဟလ ဘုရင်​မ (၁၀)
~~~~~~~~~~~~~~~~~~~~~~

အဆောက်​အဦးတစ်​ခုတွင်​. . .

"ဥက္ကဋ္ဌလီ၊ ကိစ္စတစ်​ခု ပေါ်လာတယ်​..." အတွင်းရေးမှူးတစ်​ဦး အပြေးအလွှားရောက်​လာတယ်​။

လီရှောက်​နန်​က သူ့ကို ဆက်​ပြောလို့ရတယ်​ဆိုတဲ့ သဘောနဲ့ မော့ကြည့်​လိုက်​တယ်​။

အတွင်းရေးမှူးကတော့ လီရှောက်​နန်​ကို သတင်းတွေသာ တိုက်​ရိုက်​ ပြလိုက်​လေတယ်​။

#Superstar ကျန့်​ညန်​ စင်​ပေါ်ကနေ ကန့်​လန့်​ကာနောက်​သို့ ပြောင်းသွားခြင်းနှင့်​ ကြယ်​ရောင်​ ရုပ်​ရှင်​ထုတ်​လုပ်​ရေးနှင့်​ Entertainment ကုမ္ပဏီကို ဝယ်​လိုက်​ခြင်း

ဒီသတင်းကို ကြီးပေ့ဆိုတဲ့ မီဒီယာတွေမှာ ဖော်​ပြထားတာ။ သတင်းထွက်​ရင်​ ထွက်​ချင်း အဟော့ဆုံး အကြောင်းအရာဖြစ်​သွားခဲ့တယ်​။ ကျန့်​ညန်​ မကောင်းသတင်းတွေ အားလုံးနည်းပါးလည်းပဲ မြုပ်​သွားတော့လေတယ်​။

သူမက အခု ကြယ်​ရောင်​ Entertainment ရဲ့ ပဲ့ကိုင်​ရှင်​ဖြစ်​လာပြီပဲ။ ဇာတ်​လိုက်​မင်းသမီးတစ်​နေရာစာကို အရေးစိုက်​နေစရာ လိုဦးမလား။

လီရှောက်​နန်​ သတင်းအောက်​ဆုံးပိုင်းကို ကျော်​ဖတ်​လိုက်​တယ်​။ အဲ့ဒီ့အောက်​နားမှာ ဓာတ်​ပုံတစ်​ပုံပါနေလေရဲ့။ ပုံထဲမှာ အရောင်​ဖျော့ဖျော့ဝတ်​စုံနဲ့ မိန်းကလေးက နူးနူးညံ့ညံ့ ပြုံးနေတယ်​။ ပြုံးနေလိုက်​တာမှ တစ်​လောကလုံးကို မေတ္တာတွေ လွှမ်းခြုံပေးနေတဲ့အတိုင်းပဲ။ သူမ မျက်​ဝန်းထဲက အရောင်​တွေကလည်း အကြင်​နာတွေ လက်​လို့။

ဒါပေမယ့်​ ဒီဟာတွေအားလုံး အတုအယောင်​တွေပဲဆိုတာ လီရှောက်​နန်​သိတယ်​။ သူမ လုပ်​ခဲ့တာတွေဟာ ကြင်​နာညင်​သာမှုရဲ့ ဆန့်​ကျင်​ဘက်​တွေချည်းပဲ။

ဒီလိုမျိုး ကလိန်​ကကျစ်​ကောက်​ကွေ့တဲ့ မိန်းမတွေကို သူ အမုန်းဆုံးပဲ။

"ကျန့်​မိသားစုက ကျန့်​ညန်​များလား...?" လီရှောက်​နန်​ ဖုန်းကို ချလိုက်​ပြီး မဲ့ရယ်​လိုက်​တယ်​။ "သူ့အကြောင်း သေချာစုံစမ်းပေးထား..."

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိWhere stories live. Discover now