အမှန်​တရားရဲ့ ဘက်​တော်​သား (၂၈)

2.6K 503 5
                                    

အမှန်​တရားရဲ့ ဘက်​တော်​သား (၂၈)
~~~~~~~~~~~~~~~~~~~~~~~~~~~~

"နိုး..."

"နိုး"

"နိုးပါ..."

စားပွဲပေါ်က စားစရာတွေ အားလုံးကို မင်​ရှု တွန်းဖယ်​ပစ်​လိုက်​တယ်​။ သူ့ပုံစံက အကျင့်​မကောင်းတဲ့ သူဌေးလိုပဲ။ "ငါ့ကို တခြားဟာ ဝယ်​ပေးစမ်း...!"

ချန်​ယန်​ကတော့ သက်​ပြင်းတွေ ချလို့။ "မုန်းမုန်း၊ နင့် အစာအိမ်​က အသံစုံမြည်​ပြနေတာ ငါ ကြားတယ်​နော်​... နင်​ ငါ့ကို လျှောက်​ခိုင်းချင်​တာက ရတယ်​။ ဒါပေမဲ့ နင့်​ကိုယ်​နင်​တော့ ကျန်းမာရေး မထိခိုက်​စေနဲ့လေ"

သူကိုယ်​တိုင်​ လုမုန်းဖို့ ပြင်​ဆင်​ချက်​ပြုတ်​ပေးထားတဲ့ အစားအစာတွေကို လုမုန်း ထိတောင်​ မထိကြည့်​ဘူး။ အပြင်​ကမှားစားမယ်​ဆိုရင်​လည်း လုမုန်းကို တိုင်​ပင်​ပြီးမှ မှာရတယ်​။ မှာထားတဲ့ စားစရာတွေ ရောက်​လာပြီဆိုရင်​လည်း အရမ်း ငတ်​နေတဲ့ အချိန်​မရောက်​မချင်း ဒီအတိုင်း စားပွဲပေါ်တင်​ထားတတ်​တယ်​။ ဘယ်​လိုတောင်​ ထူးဆန်းတဲ့ မိန်းကလေးလဲ။

ဒါပေမဲ့ ချန်​ယန်​ ဘာတတ်​နိုင်​မှာလဲ။

သူ တတ်​နိုင်​တာဆိုလို့ လုမုန်းကို အလိုလိုက်​ဖို့ပဲ ရှိတယ်​။

မင်​ရှုကတော့ လစ်​ဟာနေတဲ့ ဗိုက်​ကို အသာအုပ်​ကိုင်​ရင်း စားပွဲပေါ်က စားစရာတွေကို ငေးကြည့်​နေတယ်​။ နှုတ်​ခမ်းကို လျှာနဲ့ သပ်​ရင်း လျက်​ရင်းပေါ့။ နောက်​ဆုံးတော့ သူ တူကို ကောက်​ကိုင်​လိုက်​ပြီး စားပါလေတော့တယ်​။

နွေရာသီတစ်​ခုလုံးအတွင်း ချန်​ယန်​ခမျာ သူ့ဘဝကြီးသူ မေးခွန်းပြန်​ထုတ်​ချင်​စိတ်​ပေါက်​လာတဲ့အထိကို မင်​ရှု နှိပ်​စက်​တာ ခံလိုက်​ရတာ။ ဒါပေမဲ့ ချန်​ယန်​ လက်​မလျှော့သွားပါဘူး။ ယောက်ျားတစ်​ယောက်​အနေနဲ့ သူ ဇွဲကောင်းဖို့ပဲ လိုတယ်​လို့ ယုံကြည်​ထားတယ်​လေ။

"စာသင်​နှစ်​အသစ်​တောင်​ ပြန်​တက်​ရတော့မယ်​နော်... ရက်​ပိုင်းလောက်​ပဲ လိုပြီ၊ နင်​ တစ်​ခုခု ဝယ်​ချင်​တာမျိုးရှိလား..."

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိWhere stories live. Discover now