ရှုမငြီးသော နတ်​ဆေးရှင်​ (၁၉)

2K 488 29
                                    

ရှုမငြီးသော နတ်​ဆေးရှင်​ (၁၉)
~~~~~~~~~~~~~~~~~~~~~~~

မင်​ရှုရဲ့ မောက်​မာ ထောင်​လွှားနေတဲ့ ပုံစံဟာ ပိုင်​ သခင်​ကြီးကို အောင်​အောင်​မြင်​မြင်​ စိန်​ခေါ်လိုက်​နိုင်​လေရဲ့။ သူ အေးစက်​စက်​ လှောင်​မဲ့လိုက်​ရင်း ဆိုတော့တယ်​။ "ကောင်​မလေး စကားကို ရမ်းရမ်း မပြောနဲ့၊ ဒီလောကကြီးက မင်းထင်​တာထက်​ကို ကြီးတယ်​... ကျယ်​တယ်​... မင်းတို့ သေမင်းတောင်​ကြားကပဲ ပြိုင်​ဘက်​ကင်း ဟုတ်​မနေဘူး..."

မင်​ရှုကတော့ အရေးအရာမစိုက်​ ပြုံးရုံသာ ပြုံးတယ်။ နည်းနည်းလေးမှ စိတ်​မဆိုးသွားဘူး။ "ဒါဖြင့်​ ရှင်​တို့အားလုံး အဲ့ဒီ ပြိုင်​ဘက်​ကင်းမဲ့သူကို ရှာပြီး ရှင်​တို့ သမီးတွေအတွက်​ ဆေးကုခိုင်းပေါ့"

". . ." ဝါဂွမ်းကို ထိုးနှက်​နေမိသလိုပဲ။ ဘာမှ အရာမရောက်​လိုက်ဘူး။

တစ်​စုံတစ်​ယောက်​ကို ဘယ်​လိုမှ ဒေါသထွက်​အောင်​ လုပ်​လို့ မရဘူးဆိုရင်​ အဲ့ဒီတစ်​စုံတစ်​ယောက်​ဟာ ရူးနေလို့ မဟုတ်​ရင်​ အတော်​ သည်းခံနိုင်​စွမ်း ရှိသူပဲ ဖြစ်​ရမယ်။

သေချာတာ ဒီမိန်းမကတော့ အရူး မဟုတ်​လောက်​ဘူး။

နှစ်​ဖက်​စလုံး အခြေအနေတွေက အတော်​လေး တင်းမာနေပြီ။

"မိန်းကလေး" ဒီလောက်​ကောင်းတဲ့ ပွဲမျိုး စောင့်​ကြည့်​နေပြီးတဲ့နောက်​မှာ ရှောင်းအိမ်​တော်​ဘက်​က လူတွေ ရှေ့ထွက်​လာပြီး ဆိုတော့တယ်​။ သူတို့ အမူအကျင့်​က ပိုင်​အိမ်​တော်​ထက်​ ယဉ်​ကျေးလို့ပေါ့။ "မိန်းကလေးအနေနဲ့ ကျွန်​တော်​တို့ရဲ့ ရှောင်းသခင်​မလေးကို လိုက်​ကြည့်​ပေးလို့ ရမလား... ခြေကြွခ ထိုက်​ထိုက်​တန်​တန်​ ရစေ့ပါမယ်​..."

မင်​ရှုလည်း ရှောင်းအိမ်​တော်​သားတွေကို အားပါးတရ ပြုံးပြလိုက်​တော့တာပေါ့။ မင်​ရှုကို သူတို့ စည်းရုံးလို့ အောင်​မြင်​သွားပြီလို့ ထင်​နေတဲ့အချိန်​မှာပဲ ဆန်းသစ်​စ လခြမ်းသဖွယ်​ မျက်​ခုံးရှင်​ မိန်းကလေးက အခိုင်​အမာ ဆိုလာလေတယ်​။ "မလိုက်​ဘူး..." 

"ဘာလို့လဲ... မိန်းကလေး၊ စီလျော်​တဲ့ အကြောင်းပြချက်​တစ်​ခုခုတော့ ပေးသင့်​တာပေါ့" ရှောင်းအိမ်​တော်​က စိတ်​တော့ မဆိုးဘူး။ ဒါပေမဲ့ သူတို့ လွယ်​လွယ်​နဲ့ လက်​မလျှော့နိုင်​ဘူးလေ။ သူတို့သာ သေမင်းတောင်​ကြားက ဒီအမျိုးသမီးကို မပင့်​ဖိတ်​နိုင်​ခဲ့ရင်​ သူတို့ရဲ့ သခင်​မလေးပဲ ဒုက္ခရောက်​မှာ။ အဲ့တော့မှ ဘယ်​သူမှလည်း ကယ်​နိုင်​တော့မှာ မဟုတ်​ဘူး။

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိWhere stories live. Discover now