ကောလဟလ ဘုရင်​မ (၂၃) (သိမ်း)

6.7K 877 33
                                    

ကောလဟလ ဘုရင်​မ (၂၃) (သိမ်း)
~~~~~~~~~~~~~~~~~~~~~~~~~~~

မင်​ရှု ထွက်​မသွားခင်​ လီရှောက်​နန်​ အိမ်​ကို ဝင်​ပြီး ဆော်​ပလော်​တီးလာခဲ့သေးတယ်​။ — အရင်​တုန်းက သူ့အရှေ့မှာ ကြီးကြီးကျယ်​ကျယ်​တွေ လုပ်​ပြထားလို့ ဒီကောင်​ အရိုက်​ခံရသင့်​တယ်​။ သူ အခု သွားတော့မှာဆိုတော့ တတ်​နိုင်​သမျှ စောစောရိုက်​ပေးသွားရမှာပေါ့။

လီရှောက်​နန်​ အိမ်​က ထွက်​လာတော့ မင်​ရှုတစ်​ယောက်​ သူ့အသက်​ဓာတ်​အတော်​လေး ကုန်​ခမ်းနေသလို ခံစားရမိတာပဲ။ သူ အမြန်​ အစာစားရဖို့ လိုအပ်​နေပြီ။ 

[ဧည့်​၊ System ရဲ့ လေဟာနယ်​ထဲ ပြန်​ဝင်​တော့မှာလား...]

"ပြန်​ဝင်​မယ်​လို့ ဘယ်​သူ ပြောလဲ" 'ငါ ဒီလောကကနေ ထွက်​ မသွားချင်​သေးဘူး...'

[…] 'နင်​ သူများကို ခုလေးတင်​ သွားရိုက်​လာတာ၊ အဲ့ဒါ ထွက်​သွားတော့မယ့်​ သဘောမဟုတ်​ဘူးလား... ငါပဲ အထင်​မှားတာလား'

တကယ့်​တကယ်​က Harmony System သူ့ကို အထင်​လွဲသွားတာ။ မင်​ရှု ဘယ်​တုန်းကမှ အစောကြီး ပြန်​ဖို့ စိတ်​ကူးမရှိခဲ့ဘူး။ သူ ပြောတဲ့ ထွက်​သွားမယ်​ဆိုတာက ဟိုနေရာကို ပြောတာ။

ကျန့်​ရွှင်​ရှိတဲ့နေရာ။

ညတွင်းချင်းပဲ သူ လေယာဉ်​လက်​မှတ်​ဝယ်​တယ်​။ မှောင်​ခိုသမားတွေဆီက ဝယ်​ထားတဲ့ မှတ်​ပုံတင်​အတု၊ ပတ်​စ်​ပို့အတုတွေနဲ့ လေယာဉ်​တစ်​စီးပြီး တစ်​စီး ကူးပြောင်းစီးတယ်​။ နောက်​ဆုံးတော့ မင်​ရှုတစ်​ယောက်​ နိုင်​ငံရပ်​ခြားက လမ်းတစ်​လမ်းပေါ် လျှောက်​သွားနေနိုင်​ခဲ့ပြီ။

မင်​ရှု အစိမ်းသက်​သက်​လူအုပ်​ကြီးထဲ ကြည့်​လိုက်​တယ်​။

'ငါက ဉာဏ်​ကောင်းလို့ တော်​သေးတယ်​၊ ငါ စုထားတဲ့ ပိုက်​ဆံတွေရယ်​... ငါ့မျက်​နှာ လှလှလေးရယ်​နဲ့ဆို တစ်​လောကလုံးက အရသာရှိဆုံး မုန့်​မုန့်​တွေ ငါ့ဟာ ဖြစ်​တော့မယ်​...!

ဒါပေမဲ့ ဟို ရွှေချစိန်​စီထားတဲ့ လက်​ထိပ်​ကတော့... နှမြောစရာကြီး...!' 

အမိမြေကသတင်းတွေကိုတော့ မင်​ရှု နားစွင့်​နေခဲ့ပါတယ်​။ နောက်​ပိုင်းမှာ နဉ်​ခယ့်​ချင်း လီရှောက်​နန်​နဲ့ အကြိမ်​ကြိမ်​အဖန်​ဖန်​ တွေ့ဖြစ်​သေးတယ်​။ ဒါပေမဲ့ မြင့်​မြတ်​ ကျက်​သရေရှိ သဘောထားကြီးတဲ့ သူ့အချစ်​ဦးနဲ့ ယှဉ်​ရင်​ နဉ်​ခယ့်​ချင်းဟာ ငါးစိမ်းသည်​မကြီးလို ဖြစ်​လာတယ်​။

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိWhere stories live. Discover now