အမှန်​တရားရဲ့ ဘက်​တော်​သား (၁၅)

3.5K 691 22
                                    

အမှန်​တရားရဲ့ ဘက်​တော်​သား (၁၅)
~~~~~~~~~~~~~~~~~~~~~~~~~~~~

မင်​ရှု သူ့ကို သဘောမကျတာ ချန်​ယန်​ သိတယ်​။ ဒါပေမဲ့ သူ မင်​ရှုရဲ့ နှလုံးသားကို ရဖို့ဆို မျက်​နှာပြောင်​ရမှာကိုလည်း လက်​မတွန့်​ဘူး။

ဒါ့ကြောင့်​ ချန်​ယန်​ မျက်​နှာပြောင်​ပြောင်​နဲ့ပဲ မင်​ရှုကို အိမ်​ပြန်​လိုက်​ပို့ပေးဖို့ ပြောနေတာ။

ကျောင်းဝန်းကျင်​မှာ မှောင်​နဲ့ မည်းမည်း လမ်းကြားလေးတွေ များတယ်​။ ဖြတ်​သွား ဖြတ်​လာ ကားတွေလည်း သိပ်​မရှိ။ လူတောင်​ တစ်​ခါတစ်​လေ ပြတ်​တယ်​။

ဒီလို နေရာမျိုးတွေဆိုတာ မကောင်းမှု ဒုစရိုက်​တွေ ကျူးလွန်​လို့ ကောင်းတဲ့ နေရာတွေပဲ။ ဒါပေမဲ့ ရှေ့ကနေ လျှောက်​သွားတဲ့ မင်​ရှုကတော့ အစားစားဖို့သာ အရေးစိုက်​နေတယ်​။ ချန်​ယန်​ခမျာ သူနဲ့ စကားပြောဖို့အရေး ကြိုးပမ်းလိုက်​ရတာ။ ဒီတော့ သူတို့ကြားက စကားပွဲလေးဟာ နှစ်​ခွန်း သုံးခွန်းနေရင်​ တစ်​ခါ လမ်းစ ပြတ်​ ပြတ်​သွားလေတယ်​။ သူတို့နှစ်​ယောက်​ ပြောစရာ စကားတွေ အကြောင်းအရာတွေလည်း သိပ်​ရှိမနေဘူး။

သူတို့တွေဟာ မတူညီတဲ့ လောကမှာ နေနေကြသလို ကွဲပြားနေကြတာကိုး။

ပြီးတော့ အဲ့အစားသရဲမလေးက အတော်​မောက်​မာတယ်​။ အမြဲ အပေါ်စီးကနေ ဂုဏ်​ဆာတတ်​တယ်။

စာအုပ်​တစ်​အုပ်​ကို အပေါ်က အဖုံးကြည့်​ရုံနဲ့ ကောင်း၊ မကောင်း ဆုံးဖြတ်​လို့ မရဘူးဆိုတာ သိပ်​မှန်​တယ်​။ လုမုန်း ရုပ်​ရည်​လေးကြည့်​ပြီး လိမ္မာ အပိုးကျိုးမယ်​ထင်​မိရင်​ ကိုယ့်​ဟာကိုယ်​တောင်​ ဘယ်​လို သေလို့ သေသွားမယ်​မှန်း သိမှာ မဟုတ်​ဘူး။

ချန်​ယန်​တော့ မျှော်​လင့်​ချက်​တွေ မဲ့နေမိတယ်​။ သူ ဘယ်​ချိန်​ထိ ဘယ်​လိုမျိုး လုပ်​ပေးမှ လုမုန်းကို ရမှာလဲ။

ဘုရားသခင်​တွေက သူ့ကို ကျီစားနေတာများလားပဲ။

ရုတ်​တရက်​ဆိုသလို အရှေ့ဘက်​ဆီကနေ ခြေသံတွေ အုန်းအုန်းကျက်​ကျက်​ပေါ်ထွက်​လာလေတယ်​။ ချန်​ယန်​ လှမ်းကြည့််​လိုက်​တော့ တုတ်​တွေ ဓားတွေ ကိုင်​ဆောင်​လာတဲ့ လူတစ်​စု သူ့ဆီကို ဒေါသတကြီး လျှောက်​လာနေကြတာ။ 

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိWhere stories live. Discover now