ကောလဟလ ဘုရင်​မ (၃)

6.8K 1.1K 41
                                    

ကောလဟလ ဘုရင်​မ (၃)
~~~~~~~~~~~~~~~~~~~~~

မင်​ရှု အပြုံးတစ်​ခုဆောင်​ရက်​သား ထွက်​သွားတော့တယ်။ မသိရင်​ သူမကပဲ သူများအပေါ် အအေးနဲ့ လောင်းချထားတာ မဟုတ်​တဲ့အတိုင်းပဲ။ နေနိုင်​လိုက်​တာ။ 

“…” ဘေးက ကြည့်​သူတွေမှာလည်း အတွေးနဲ့သာ ကောက်​ချက်​ချမိတော့တယ်။ 'နာမည်​ကြီးလည်း ကြီးလောက်​ပေတယ်​...'

“…” စုန့်​မန်​လည်း ဆွံ့အနေမိတယ်။ 'အခု သူ ဘာလုပ်​သွားတာလဲဟ...'

မင်​ရှုကတော့ နားနေခန်းဘက်​သို့ ပြန်​လာခဲ့တယ်​။ သူမရဲ့ အပြုံးက မူလကထက်​ သေးသိမ်​မှေးမှိန်​လာပေမယ့်​လည်း ခပ်​ယောင်​ယောင်​တော့ မြင်​နေရနိုင်​သေးတယ်။ ထျန်းယွမ်​ခမျာမှာတော့ အသက်​တောင်​ ခပ်​ပြင်းပြင်း မရှူ ရဲ၊ မင်​ရှုကို သြဝါဒလည်း မခြွေရဲတော့။ သူမ အစ်​မအိုက်​လင်းဆီကိုသာ စာတိုတစ်​စောင်​ ပို့လိုက်​တော့တယ်။

'အစ်​မကျန့်​ညန်​ ဒီနေ့ ပုံမှန်​ မဟုတ်​ဘူး...'

အဲ့အချိန်​မှာ မင်​ရှုကတော့ Harmony System နဲ့ စကားပြောနေတာ။

"ငါ ခုနကလုပ်​တာ ဘယ်​လိုနေလဲ..."

[ခင်​ဗျား သူ့မျက်​နှာပေါ် ပက်​ပေးလိုက်​ရမှာ...]  Harmony [သဟဇာတမျှမျှ] လို့ အမည်​ရသော System ကြီးက အကြံပြုလေသတဲ့။

မင်​ရှု  အကြည့်​တွေ ပြောင်းလဲသွားပြီး အတန်​ကြာတော့ သူမ တုန့်​ပြန်​လိုက်​တယ်။ "နင်​က အဲ့သလို Sysyem မျိုး ဖြစ်​နေမယ်​လို့ ထင်​မထားဘူး..."

'Harmony သဟဇာတမျှမျှ ငြိမ်းချမ်းတယ်​တဲ့လား...

ဘယ်​လို စောက်​ကျိုးနည်း Harmony ကျတာကြီးလဲ...' 

[ကျွန်ုပ်​ရဲ့ တာဝန်​က ခင်​ဗျား အမုန်းရမှတ်​တွေ စုဆောင်းမိအောင်​ ကူညီပေးဖို့ပါ။ ဒါကြောင့်​မို့ ကျွန်ုပ်​ပေးမယ့်​ အကြံပြုချက်​တွေက ခင်​ဗျားကို ပိုပြီး မုန်းချင်​စဖွယ်​ဖြစ်​သွားစေမှာပါ။]

မင်​ရှုလက်​ညိုးတစ်​ချောင်းနဲ့ နှုတ်​ခမ်းကို အသာပွတ်နေရင်း အပြုံးက ပိုပွင့်​လင်းလာကာ မျက်​ခုံးလေးတွေပါ တွန့်​သွားတော့လေတယ်​။ သူမ အသွင်​က ငြိမ်းအေးပြီး နူးညံ့လွန်းလို့ တစ်​ပါးသူများ အနားတိုး ချဉ်းကပ်​ချင်​လာအောင်​ကို စွဲဆောင်​နေနိုင်​တယ်​။
(NC: မင်​ရှုက ကြာဖြူ ပန်းရုပ်​ကလေးနဲ့... 😂)

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိWhere stories live. Discover now