ကောလဟလ ဘုရင်​မ (၇)

5.4K 1K 56
                                    

ကောလဟလ ဘုရင်​မ (၇)
~~~~~~~~~~~~~~~~~~~~

မင်​ရှု နဉ်​ခယ့်​ချင်း အနားက ဆုတ်​သွားလိုက်​တော့ သူတို့ နှစ်​ယောက်​ကြားကနေ နဉ်​ခယ့်​ချင်း လက်​ရုတ်​လိုက်​တာကို အများက တွေ့လိုက်​ရတာပေါ့။

မင်​ရှုခြေရင်းမှာ ပြန့်​ကြဲနေတဲ့ ပုလဲလုံးတွေက ကော်​ဇောရောင်​နဲ့ အရောင်​ချင်းဆင်​နေတာ။ ခုနတုန်းက သတင်းထောက်​ အချို့ ဓာတ်​ပုံရိုက်​ထားတဲ့အထဲ နဉ်​ခယ့်​ချင်း ပုလဲလုံး အနီရောင်​လေးတွေ စီထားတဲ့ လက်​ကောက်​ဝတ်​ထားပုံ ပါနေသေးတယ်​လေ။

မင်​ရှုရဲ့ တုန့်​ပြန်​ပုံကြောင့်​ နဉ်​ခယ့်​ချင်း အံ့အားသင့်​သွားပြီး တဒင်္ဂတော့ ဘယ်​လို တန်​ပြန်​တုန့်​ပြန်​ရမယ်​ မသိဖြစ်​သွားပုံရတယ်။ နောက်​တော့မှ သူမ မျက်​နှာ အမူအရာကို ပြင်​ဆင်​လိုက်​ပြီး တောင်းတောင်းပန်​ပန်​ဟန်​နဲ့ ဆိုတော့လေတယ်။ "ကျွန်​မ တောင်းပန်​ပါတယ်... အစ်​မကျန့်​ညန်​ရယ်​... ပြတ်​သွားတာကို ကျွန်​မ သတိမထားမိလိုက်​တာ..."

မင်​ရှု အပြုံးလည်း ပိုပွင့်​လင်းလာတော့တယ်။ "ဟုတ်​ပါပြီ... ချိမရယ်​ နောက်​တစ်​ခါ လက်​ကောက်​တွေ ဝယ်​ရင်​ ဒီလိုဟာမျိုးတွေ မဝယ်​နဲ့ပေါ့... ပေါပေါပဲပဲ အညံ့စားတွေ... ပြုတ်​ထွက်​နိုင်​လွန်းပုံကလည်း တို့တောင်​ ချော်​လဲတော့မလို့... နောက်​ခါတွေ ခုလိုဖြစ်​လို့ သူများတကာ တကယ်​ကြီး ချော်​လဲသွားခဲ့ရင်​ မင်း ထပ်​ပြီး တောင်းပန်​ နေရဦးမယ်​နော်​..." 

သူတို့အနားမှာရှိနေတဲ့ သတင်းထောက်​တွေ တီးတိုးဝေဖန်​ကြကုန်​တော့တယ်။ အမှန်​တရားက သိသာလွန်းနေတာကိုး။

သူတို့လို အနုပညာကြယ်​ပွင့်​တွေက အပေါစား အတုများ ဘယ်​တော့မှ ဝယ်​ဆင်​မှာမဟုတ်​။ အစစ်​ဆိုတာကလည်း အရည်​အသွေးကောင်းတာမို့ ဒီလက်​ကောက်​ ပြတ်​သွားတာဟာ ဝတ်​ဆင်​သူက ဆွဲဖြတ်​လိုက်​တာကြောင့်​သာ ဖြစ်​ဖို့များတယ်​။

သံသယအကြည့်​တွေချည်း ဝန်းရံခံလာရတော့ နဉ်​ခယ့်​ချင်း မင်​ရှုကို မကျေမနပ်​ မျက်​စောင်းခိုးထိုးလိုက်​မိတော့ပြန်​တယ်။ သူမ မင်​ရှုရဲ့ အပြုံးကို မုန်းတယ်။ မင်​ရှု အပြုံးက နွေးထွေးပြီး သဘောထားကြီးယောင်​ပေါက်​ပေမယ့်​လည်း သူမ အတွက်​တော့ လှောင်​ပြောင်​နေသယောင်​ ဖြစ်​နေတယ်​။

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိWhere stories live. Discover now