ရှုမငြီးသော နတ်​ဆေးရှင်​ (၁၅)

2.2K 546 16
                                    

ရှုမငြီးသော နတ်​ဆေးရှင်​ (၁၅)
~~~~~~~~~~~~~~~~~~~~~~~

"ရက်​စက်​တဲ့ ဗီလိန်​မဇာတ်​ကောင်​ဆိုပြီးတော့၊ ပိုင်​ယန့်​ရန်​ တစ်​ယောက်​ အားကြီး ပိန်းရာ ကျနေသလားလို့..." သူ့သနားစရာ IQ ပုစိလေးနဲ့ ဘယ်​လိုလုပ်​ ဒီကာရိုက်​တာကို ထိန်းနိုင်​မှာလဲ။ ဇာတ်​ကြောင်း လိုအပ်​ချက်​အရ ဖြစ်​နေတယ်​ဆိုရင်​တောင်​ ဒါကတော့ မများလွန်းဘူးလား။

ပြီးတော့... မူလခန္ဓာရှင်​ကလည်း ဘာကိစ္စ ဒီငပိန်း အနိုင်​ကျင့်​တာ ခံလိုက်​ရတာလဲ။

'ကြည့်​ရတာ သူလည်းပဲ အတူတူအနူနူဖြစ်​နေလို့... ဒါမှမဟုတ်​ ပိုပိန်းနေလို့ ဖြစ်​ရမယ်​...

ဒီဇာတ်​လမ်းမှာ ဗီလိန်​တွေက ဉာဏ်​ရည်​နိမ့်​တာနေမယ်​...'

"ဘာပြောလိုက်​တာလဲ သခင်​မ..." ဟွေ့ရွှယ်​လည်း သူ့ဘေးနားက လူကို နားမလည်​နိုင်​စွာနဲ့ ပြန်​ကြည့်​လိုက်​တော့တယ်​။ သခင်​မလေး ဘယ်​သူနဲ့ စကားပြောနေတာပါလိမ့်​။

"ဘာမှ မဟုတ်​ဘူး..." မင်​ရှု ပြုံးလိုက်​တယ်​။ "ဥ ကျက်​သွားပြီလား..."

မီးပုံထဲက ဥကလေးကို ပြန်​ကြည့်​ရင်း ဟွေ့ရွှယ်​ စိုးရိမ်​လာမိတော့တယ်​။ "သခင်​မလေး၊ ဒါက နတ်​ဝိညာန်​သားရဲဥနော်​... မီးဖုတ်​လိုက်​လို့ သင့်​တော်​ပါ့မလား..."

"မသင့်​တော်​စရာ ဘာရှိမလဲ၊ မဟုတ်​လည်း သေနေပြီ... အကောင်​ပေါက်​တော့မှာမှ မဟုတ်​တာ၊ ငါက သူ သေရကျိုးနပ်​အောင်​ လုပ်​ပေးတာလေ" မင်​ရှုတစ်​ယောက်​ ပေါက်​ကရတွေကို ရုပ်​တည်​ကြီးနဲ့ လျှောက်​ပြောနေတော့တယ်​။

". . ."

'ဒါ နတ်​ဝိညာန်​သားရဲဥလေ... မမလေးရဲ့...!

ကြက်​ဥ ဘဲဥ မဟုတ်​ဘူး...!'

အချိန်​တော်​တော်​ကြာအောင်​ မီးဖုတ်​ထားခံရတာတောင်​ "နတ်​ဝိညာန်​သားရဲဥ"က အရောင်​တောင်​ ပြောင်းမလာဘူး။ မီးခိုးတွေ ဘာညာတောင်​ လာမကပ်​သွားဘူး။

မင်​ရှုလည်း ဥကို ပြန်​ယူလိုက်​ပြီး ခေါက်​ကြည့်​လိုက်​တယ်​။ အေးစက်​နေတာပဲ။ ပြောရရင်​ အကြာကြီး မီးဖုတ်​ထားတာတောင်​ နည်းနည်းလေးမှ မနွေးသွားဘူးပဲ။

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိWhere stories live. Discover now