ရှုမငြီးသော နတ်​ဆေးရှင်​ (၁၄)

2.1K 492 7
                                    

ရှုမငြီးသော နတ်​ဆေးရှင်​ (၁၄)
~~~~~~~~~~~~~~~~~~~~~~~

မြွေကြီး အထုံးလိုက်​ကြီး လိန်​နေပြီး သူ့ဟာသူ ပြန်​ဖြည်​ရခက်​ခဲနေပုံကို တွေ့တော့ ချဉ်းကပ်​လာကြတဲ့ လူစုမှာ မျက်​လုံးမျက်​ဆန်​ ပြူးကျယ်​သွားရတော့တယ်​။

သူတို့ မရှိတုန်းလေး ဘာတွေ ဖြစ်​သွားကြတာလဲ။

သူတို့က ဖုန့်​ချန်​ရဲ့ ကိုယ်​ရံတော်​တစ်​သိုက်​ပေါ့။ ရှောင်းရုဖုန်းရော၊ ဖုန့်​ချန်​ပါ ထူးဆန်းတဲ့ နေရာတစ်​ခုမှာ ပျောက်​သွားကြတာ။ သူတို့လည်း နေရာအနှံ့လိုက်​ရှာတာပဲ၊ ဒါပေမဲ့ ဘယ်​သူ့ကိုမှ ရှာမတွေ့ခဲ့ဘူး။ အဲ့ဒါနဲ့ပဲ အကူအညီတွေ ထပ်​ခေါ်ဖို့ ပြန်​လာခဲ့လိုက်​တာ။

အသေအချာပဲ၊ သူတို့အတွက်​တော့ ဖုန့်​ချန်​ဟာ မြွေငမိုက်​သားထက်​ ပို အရေးကြီးတယ်​။ ပြန်​လာတဲ့ ကိုယ်​ရံတော်​တွေက ကျန်​နေခဲ့တဲ့ ကိုယ်​ရံတော်​တွေကို ခေါ်ပြီး သူတို့သခင်​ကို ထပ်​သွားရှာကြပြန်​တယ်​။ ပိုင်​ယန့်​ရန်​တို့ လူစုလည်း သူတို့နဲ့ လိုက်​မသွားပေမဲ့ မြွေကြီးနဲ့ ခပ်​လှမ်းလှမ်းမှာ နေခဲ့ကြတယ်​။

မီးတောက်​မီးလျံတွေ ပို ပိုပြီး ကြီးလာတယ်​။ သူတို့ရှိနေတဲ့ နေရာကွက်​လပ်​ကလေး အစွန်းနားထိကို ပြန့်​လာပြီ။ သူတို့မှာ ဒီနေရာကို စွန့်​ပြီး ရှေ့ဆက်​ရတော့မလို ဖြစ်​နေပြီ။

တစ်​ယောက်​က မြွေကြီးကို ဖမ်းဖို့ လုပ်​သေးတယ်​။ ဒါပေမဲ့ ရှေ့တိုးပြီးကာမှ ကြောက်​လာမိလို့ ပြန်​နောက်​ဆုတ်​လာရလေတယ်​။

မြွေက နည်းနည်း ပိန်းတယ်​ဆိုပေမဲ့လို့ အင်​အားကြီးလွန်းတာတော့ အမှန်​ပဲ။ သာမန်​လူတစ်​ယောက်​ ဒီမြွေကို သွားယှဉ်​မယ်​ဆိုရင်​ ကိုယ့်​ဘာသာ သေကြောင်းကြံတာနဲ့ မခြားတော့ဘူး။

"ရွှီး...!" 'မိုက်​မဲတဲ့ သေမျိုး... ပြန်​လာခဲ့စမ်း...! မပြေးနဲ့...!'

ဟိုလူတွေ ထွက်​သွားတော့ မင်​ရှုက အသက်​မဲ့နေတဲ့ ဥကလေးကို ပြန်​ကောက်​ယူလိုက်​ပြီး မြွေကြီးဆီ ချဉ်းကပ်​လိုက်​တယ်​။ "အိမ်း၊ ငါ နင့်​ကို မေးခွန်းတစ်​ခု မေးမယ်​၊ ငါ ကျေနပ်​အောင်​ဖြေပေးနိုင်​ရင်​ နင့်​အခွေကို ဖြည်​ပေးမယ်​"

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိWhere stories live. Discover now