ရှုမငြီးသော နတ်​ဆေးရှင်​ (၃၃)

1.4K 322 4
                                    

ရှုမငြီးသော နတ်​ဆေးရှင်​ (၃၃)
~~~~~~~~~~~~~~~~~~~~~

"သခင်​မလေး၊ ယစ်​ပန်းနွယ်​ဂေဟာသခင်​ကို တကယ်​ပဲ ကုပေးတော့မှာလား" ဟွေ့ရွှယ်​က မရေမရာဖြစ်​နေပုံနဲ့ မင်​ရှုကို မေးလာတော့တယ်​။ သူမကြည့်​ရတာ တစ်​ခုခု ပြောပြချင်​နေပုံပဲ။

"ဘာဖြစ်​လို့လဲ"

"သူ..." ဘယ်​လို စပြောရမလဲ ဟွေ့ရွှယ်​ မသိတော့။ မင်​ရှုကတော့ သူမဘက်​ လှည့်​ကြည့်​လာတယ်​။ ဟွေ့ရွှယ်​လဲ ဆက်​ပြောလိုက်​တော့လေတယ်​။ "သခင်​မလေး တောင်​ကြားမှာ ဂူပိတ်​ သိုင်းကျင့်​နေတုန်းက သခင်​ချင်းချန်​ တောင်​ကြားကို ရောက်​လာတယ်​၊ အရင်​သခင်​ကြီးက သူ့ကို စမ်းသပ်​ပေးခဲ့ပေမဲ့ ဘာစကားမှ မပြောဘဲ သူ့ကို ပြန်​ခိုင်းလိုက်​တယ်​"

'သူ အရင်​က သေမင်းတောင်​ကြားကို လာဖူးတယ်​ပေါ့၊ မူလခန္ဓာရှင်​ရဲ့ ဆရာတောင်​ ဘာမှ မတတ်​နိုင်​တာ ငါ သူ့ကို ကယ်​နိုင်​မယ်​လို့ သူ ဘာလို့ ထင်​နေရတာလဲ...

ဧကန္တ ငါက မူလခန္ဓာရှင်​ရဲ့ ဆရာထက်​ ပိုချောနေလို့များလား'

ဟွေ့ရွှယ်​ကတော့ ဘေးဘီဝဲယာကို ခိုးကြောင်​ခိုးဝှက်​ကြညိ့ရင်း၊ "သူ သွားပြီးနောက်​ပိုင်းမှာ အရင်​သခင်​ ခဏခဏ ငေးငေးငိုင်​ငိုင်​ဖြစ်​လာတယ်​၊ တစ်​ခါတစ်​လေ တစ်​နေကုန်​တောင်​ စဉ်းစားခန်းဝင်​နေတတ်​တယ်​၊ အဲ့အချိန်​တွေဆို ကျွန်​မတို့မှာ စကားတောင်​ ကျယ်​ကျယ်​ မပြောဝံ့ဘူး၊ နောက်​တော့ တစ်​ခါမှာ အရင်​သခင်​ တစ်​ယောက်​ယောက်​နဲ့ စကားပြောနေတာကို ကျွန်​မ ကြားခဲ့လိုက်​တယ်​၊ သူ ချင်းချန်​နာမည်​ကိုလဲ ထည့်​ပြောတယ်​၊ ပြီးတော့ လေဟုန်​ပြင်းမိစ္ဆာတောင်​တန်းရယ်​ နဂါးအရိုးတောင်​ရယ်​ ဆိုလား ပြောနေတာ၊ ကျွန်​မ အဖြစ်​စုံကို မကြားရသေးခင်​မှာပဲ သူ ကျွန်​မကို မိသွားလို့၊ ဒါနဲ့ ဘာထူးဆန်းလဲ သိလား"

"ဘာလဲ"

"အဲ့တုန်းက အရင်​သခင်​ရဲ့ အခန်းထဲမှာ တခြား ဘယ်​သူမှ ရှိမနေဘူး" ဟွေ့ရွှယ်​ ပြောလိုက်​တယ်​။

"အဲ့ဒါ ဖြစ်​နိုင်​တာက ဆရာ သူ့ဘာသာသူ တစ်​ယောက်​တည်း ပြောနေတာ နေမှာပေါ့"

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိWhere stories live. Discover now