အမှန်​တရားရဲ့ ဘက်​တော်​သား (၈)

4.5K 693 3
                                    

အမှန်​တရားရဲ့ ဘက်​တော်​သား (၈)
~~~~~~~~~~~~~~~~~~~~~~~~~~~

ဒီတစ်​ခါတော့ သူတို့နှစ်​ယောက်​ ထောင့်​ကျဉ်းကျဉ်းကလေးထဲမှာ ညပ်​မိနေကြတာ။ တစ်​ယောက်​နဲ့တစ်​ယောက်​ ပူးကပ်​လို့နေတယ်​။ မင်​ရှု သူ့ရင်​ခုန်​သံကိုပါ ကြားနေရတယ်​။ ကျယ်​တယ်​။ ညက်​ညောတယ်။ အားမာန်​အပြည့်​၊ မနှေးမမြန်​ မှန်​မှန်​လေး။

မင်​ရှု ကျောင်းသားလေးရဲ့ လက်​ကို ပုတ်​ထုတ်​လိုက်​ပြီး သူ့ကို ကန်​ပေးလိုက်​တယ်​။

'ရာရာစစ နင်​ကများ ငါ့ကို မရိုမသေ...!'

"နင်​..." ကောင်​လေး စိတ်​တိုသွားမိတာပေါ့။

'ဒေါက်​ - ဒေါက်​ - ဒေါက်​ --'

လှေကားဘက်​ကနေ ဒေါက်​ဖိနပ်​သံတွေ ထွက်​လာတယ်​။ လှေကားထစ်​တစ်​လျှောက်​လုံး ပဲ့တင်​ထပ်​နေတော့တာပဲ။ ဒီအသံက တိတ်​ဆိတ်​မှုကို ခွင်းလို့ထွက်​လာတယ်​။ ကြောက်​စရာ ကျောချမ်းစရာ ကောင်းနေတယ်​။

ကျောင်းသားလေးမှာ စကားကို မပြောရဲတော့ဘူး။ သူ အသက်​ပါ အောင့်​ထားလိုက်​လေတယ်​။

"ခုနောက်​ပိုင်း အပေါ်က အစိုးရအဖွဲ့က ဒုစရိုက်​မှုတွေနဲ့ ပါတ်​သက်​ပြီး ပိုတင်းကြပ်​လာတယ်​... ပြဿနာမတက်​ရအောင်​လို့ ခဏလောက်​တော့ ကျွန်​မတို့ နားထားသင့်​တယ်​ထင်​တာပဲ..." အမျိုးသမီးတစ်​ယောက်​အသံ ထွက်​လာတာ။ နောက်​တော့ နောက်​ထပ်​ ခြေသံတစ်​စုံ ကြားလာရတယ်​။ ယောက်ျားတစ်​ယောက်​ရဲ့ ခြေသံမျိုးပဲ။

"မစိုးရိမ်​ပါနဲ့... တို့တွေ ဒုက္ခရောက်​ရင်​ တို့တွေနဲ့ အရောင်းအဝယ်​လုပ်​ထားတဲ့သူတွေ၊ ပံ့ပိုးခဲ့တဲ့သူတွေပါ ဒုက္ခရောက်​ကုန်​မှာလေ... ဒီတော့ သူတို့တွေ တို့ကို ကာပေးလိမ့်​မယ်​..." ယောက်ျားတစ်​ယောက်​ကတော့ အကြောက်​အလန့်​မရှိ ပြန်​ပြောလာတယ်​။

ဒါပေမယ့်​ အမျိုးသမီးကတော့ စိုးရိမ်​နေဆဲပါပဲ။ "အခုနောက်​ပိုင်း ကျွန်​မ စိတ်​ထဲလေးနေတယ်​... တစ်​ခုခုများ ဖြစ်​တော့မလားပဲ..."

"မင်းအတွေးလွန်​နေတာပါကွာ... သိပ်​စိတ်​ထဲမထားနဲ့"

သူတို့ခြေသံတွေက လှေကားပေါ်မှာ ပဲ့တင်​တွေ ထပ်​လို့သွားတယ်​။ သူတို့ရဲ့ စကားပြောသံတွေလည်း တဖြည်းဖြည်း ဝေးကွာသွားပြီး နောက်​ဆုံးတော့ တိုးသိမ်​ပျောက်​ကွယ်​သွားလေတယ်​။

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိWhere stories live. Discover now