ရှုမငြီးသော နတ်​ဆေးရှင်​ (၄၀)

1.4K 324 7
                                    

ရှုမငြီးသော နတ်​ဆေးရှင်​ (၄၀)
~~~~~~~~~~~~~~~~~~~~~~

မွန်းလွဲအချိန်​ တစ်​ခုမှာ။

"ကျစ်​ပေါ်" ချင်းချန်​ရဲ့ ပွင့်​လွှာချပ်​သဏ္ဍာန်​ ဝတ်​ရုံဟာ လေအလာမှာ လူးလွန့်​နေတယ်။ သူ မင်​ရှုဆီကို လွင့်​လာပြီး သူ စိတ်​ဓာတ်​တွေလဲ ကျနေပုံပဲ။ "ရှီးလင်​ကို ပြန်​ရအောင်​"

"နင်​ လက်​လျှော့လိုက်​ပြီလား" မင်​ရှု အံ့သြနေမိတော့တယ်​။

ချင်းချန်​ ခေါင်းခါလိုက်​တယ်​။ "ဟွေ့ရွှယ်​ ပြောတာ မှန်​တယ်​၊ ဒီလောကမှာ နဂါးမရှိတော့တာ ဖြစ်​နိုင်​တယ်..."

သူမ အရင်​တစ်​ခေါက်​ပြောလိုက်​တာတွေကို ချင်းချန်​ကြားသွားမယ်​လို့ ဟွေ့ရွှယ်​ မထင်​ခဲ့ဘူးရယ်​။ အားနာစရာ ကောင်းလိုက်​တာ။ သူမ ဆင်​ခြေတစ်​ခုပေးပြီး ထွက်​လာမိလိုက်​တော့တယ်​။

"ဒါ နင့်​ပုံစံ မဟုတ်​ဘူးနော်​၊ ဘာလို့ သိပ်​အဆိုးမြင်​နေတာလဲ" မင်​ရှုကတော့ စိတ်​ဓာတ်​ခွန်​အားအပြည့်​ဖြစ်​နေပုံရတယ်​၊ သူမက ဘာရယ်​ မဟုတ်​သလိုလိုနဲ့ မေးလာတယ်​။ "ဘာဖြစ်​ခဲ့လို့လဲ"

ချင်းချန်​ သူ့ဝတ်​ရုံကြီးကို မပြီး ထိုင်​ချလိုက်​တယ်​။ သူ့အကြည့်​တွေက ငါးကင်​နေတဲ့ မီးပုံကို စိုက်​ကြည့်​ရင်းပေါ့။

"နောက်​သုံးလနေရင်​ ကိုယ့်​မွေးနေ့ရောက်​ပြီ" ချင်းချန်​ ခဏနားလိုက်​တယ်​။ "၂၆ နှစ်​ပြည့်​မှာ"

ဒီရက်​တွေထဲ သူ့ခန္ဓာကိုယ်​က အရင်​လို မဟုတ်​တော့တာ ခံစားမိတယ်​။

"အချိန်​ကုန်​တာ မြန်​လှချည်​လား"

ချင်းချန်​ မင်​ရှုကို မျက်​လုံးလှန်​ပြလိုက်​တော့တယ်​။ သူမက တစ်​နေကုန်​ စားဖို့ပဲ သိနေတာကိုး၊ အချိန်​ ဘယ်​လို ကုန်​လို့ ကုန်​မှန်း သတိထားမိပါ့မလား။

ပြီးတော့ သူတို့တွေက လေဟုန်​ပြင်းမိစ္ဆာတောင်​တန်းထဲ ရောက်​နေတာ။ ဒီလိုနေရာမှာဆို လူတွေက အချိန်​ကို မှတ်​သားထားဖို့ မေ့လျော့သွားမိတတ်​တယ်။

"ဆိုတော့ကာ ပြန်​ပြီး ဘာလုပ်​မှာလဲ— သေဖို့ စောင့်​နေမလို့လား" သူတို့ နဂါးကို ရှာမတွေ့မှတော့ ဒီအဆိပ်​ကို ဖြေဖို့ တခြားနည်းလမ်း မရှိတော့။ သူ တကယ်​ပဲ သေနေ့ကို စောင့်​ရမလိုဖြစ်​နေပြီ။

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိWhere stories live. Discover now