မာနမင်းသမီး (၇)

866 100 7
                                    

မာနမင်းသမီး (၇)

Name:Coming of the Villain Boss! 
Author:Mo Ling

မင်ရှုက စားသောက်ပွဲ အစကနေ အဆုံးထိ တောက်လျှောက် အစားပဲ မျိုနေခဲ့တာ။ ပွဲလာ ဧည့်ပရိသတ်တွေအကုန် အံ့သြမဆုံး ဖြစ်ရအောင်ပဲ။

သူမ ပျောက်သွားတဲ့ အချိန်အတွင်း အငတ်ထားခံခဲ့ရလို့လား။ ပိုအရေးကြီးတာက ဒီမုန့်တွေအကုန်လုံးကို သူ ဘယ်လို စားလိုက်လို့ ဗိုက်နဲ့ ဆံ့သွားတာလဲ။

'ခင်ဗျားဟာ တော်ဝင်ပထမအဆင့် မင်းသမီးနော်၊ ကိုယ့်ပုံရိပ်ကိုယ် ထိန်းသိမ်းရမယ် မဟုတ်ဘူးလား'

"ဦးရီးတော်" ရုန်ဟွားမင်းသမီးက သေရည်တစ်ခွက်ယူလာပြီး မင်ရှုဘေးနားက ခုံဆီကို ခြေလှမ်းစိပ်စိပ်လေးတွေနဲ့ ဆင်မယဉ်သာလေး လျှောက်လာခဲ့တယ်။ သူမ လေသံက ချိုသာနူးညံ့လွန်းလိုက်တာမှ စိမ့်စမ်းရေကျသံအလားပဲ။ "ဒါကတော့ ဦးရီးတော် အိမ်ပြန်ရောက်လာတာကို ဂုဏ်ပြုတာပါ"

ရုန်ဟွားမင်းသမီးက ဟွိုက်ဝမ်ရယ်ရှေ့မှာ အပြစ်ကင်းတဲ့ သိုးသူငယ်လေးလို လာရပ်နေတာ။ ကန်းနေတဲ့ သူမှ မဟုတ်ရင် ဒီကောင်မလေး ဘာတွေ ကြံနေလိမ့်မလဲ လူတိုင်း သိနိုင်မှာပဲလို့ မင်ရှု ခံစားမိလိုက်တယ်။

မင်ရှု လက်ကို စားပွဲပေါ်တင်၊ လက်ပေါ် ခေါင်းမှေးတင်လိုက်ပြီး သူမ ဘေးနားက လူနှစ်ယောက်ကို ပြုံးပြီး ကြည့်နေလိုက်တော့လေတယ်။

ရုန်ဟွားမင်းသမီးနဲ့ ဟွိုက်ဝမ်ရယ်က သွေးတော်စပ်တဲ့ တူဝရီးတွေ မဟုတ်လား။

ရှေးခေတ်တွေမှာ သွေးသားတော်စပ်မှုကို သိပ်ထည့်မတွက်ကြဘူးဆိုပေမဲ့ ဘုရင်က သူ့သမီးတော်ကို သူ့ညီတော်နဲ့တော့ ပေးစားလေ့မရှိဘူး မဟုတ်လား။ ဒီလောကကြီးကပဲ ငါးပါးမှောက်နေတာလား။ ဒါမှမဟုတ် ရုန်ဟွားမင်းသမီး တစ်ယောက်တည်း ကွက်ပြီး စိတ်မူမမှန်နေတာလား။

ဟွိုက်ဝမ်ရယ်ကတော့ ရုန်ဟွားမင်းသမီးကြောင့် စိတ်လှုပ်ရှားမသွားဘူးရယ်။ သူ့သေရည်ကိုသာ စက်ရုပ်တစ်ရုပ်လို ဆက်သောက်နေတယ်။ ပတ်ဝန်းကျင်မှာ ဖြစ်ဖြစ်သမျှက သူနဲ့ မဆိုင်နေသလိုပဲ။

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိWhere stories live. Discover now