ရှုမငြီးသော နတ်​ဆေးရှင်​ (၁၈)

2K 464 2
                                    

ရှုမငြီးသော နတ်​ဆေးရှင်​ (၁၈)
~~~~~~~~~~~~~~~~~~~~~~

ပိုင်​ယန့်​ရန်​တို့ အဖေရယ်​၊ ရှောင်းအိမ်​တော်​က လူတွေရယ်​မှာ နှစ်​ရက်​တင်းတင်း စောင့်​နေခဲ့ကြရတာ။ ဒါပေမဲ့ တည်းခိုခန်းကို ဝင်​ပေါက်​ရော၊ ထွက်​ပေါက်​ကနေ စောင့်​ကြည့်​နေခဲ့တာတောင်​ မင်​ရှုကို အရိပ်​အယောင်​လေးတောင်​မှ မတွေ့ကြရဘူး။

ပိုင်​သခင်​ကြီးမှာ စိုးရိမ်​စိတ်​များလွန်းလို့ တည်းခိုခန်းရှေ့ကနေ ခေါက်​တုံ့ခေါက်​ပြန်​ကို လျှောက်​လို့။ ရှောင်းအိမ်​တော်​က လူတွေကတော့ ဘေးနားလေးမှာပဲ ငြိမ်​ငြိမ်​လေး ရပ်​စောင့်​နေခဲ့ကြတယ်​။ သူတို့နှစ်​ဖက်​စလုံး ကိုယ့်​အပူနဲ့ ကိုယ်​နေကြပြီး တစ်​ယောက်​ရဲ့ စည်း တစ်​ယောက်​ မကျော်​ကြပဲ နေတယ်​။

မမျှော်​လင့်​ဘဲ အချင်းချင်း အကြည့်​ဆုံသွားမိတယ်​ဆိုရင်​တော့၊ မနှစ်​မြို့စရာတစ်​ခုခုကို မြင်​လိုက်​ရတဲ့အလား ချက်​ချင်းကို အကြည့်​လွှဲလိုက်​တတ်​ကြတယ်။

သူတို့အိမ်​တော်​နှစ်​ခုဟာ နှစ်​ပေါင်းများစွာကြာအောင်​ ပြိုင်​ဘက်​တွေ ဖြစ်​နေခဲ့တာ။ အခုလို တစ်​နေရာတည်းမှာ လာစုနေမိတော့ ကသိကအောက်​ ဖြစ်​ကြတာတော့ အမှန်​ပဲ။

"သခင်​ကြီး၊ သခင်​ကြီး... မမလေး စိတ်​သွက်​တဲ့ လက္ခဏာတွေ ပြနေပြန်​ပြီ..."

ပိုင်​အိမ်​တော်​က အစေခံတစ်​ယောက်​ ပျာယီးပျာယာရောက်​ချလာတယ်​။ သူ့ခမျာ အသက်​လည်း ဝဝ မရှူနိုင်​သလို သူ့မျက်​နှာထားကလည်း အလွန်​အမင်း ဗျာများနေပုံပေါက်​သတဲ့။ သူ ပြောနေတဲ့ မမလေးရဲ့ အခြေအနေက တကယ်​ပဲ ဆိုးရွားလွန်းနေပုံရတယ်​။

ပိုင်​သခင်​ကြီးမျက်​နှာထားလည်း ညိုမှုန်​သွားတော့တာပေါ့။ သူ တည်းခိုခန်းကို မော့ကြည့်​လိုက်​ပြီး အံကြိတ်​ကာ ဆိုလိုက်​တော့တယ်​။ "သွားရအောင်​၊ အပေါ်ထပ်​တက်​ပြီး သမားတော်​ သွားပင့်​မယ်​"

သေမင်းတောင်​ကြားက ပုဂ္ဂိုလ်​ကို တွေ့ခွင့်​ရမယ်​လို့ သူ တစ်​ခါမှ မယုံကြည်​ခဲ့ဖူးဘူး။ ပိုင်​အိမ်​တော်​ဆိုတာကလည်း နယ်​နယ်​ရရမှ မဟုတ်​တာ။ ဒါပေမဲ့ အခုတော့ အပြင်​မှာ ဒီအတိုင်းရပ်​နေရပြီး သေမင်းတောင်​ကြားက ဘယ်​သူ့ဘယ်​သူနဲ့မှ တွေ့ခွင့်​မရသေးဘူးလေ။ ဒီတော့ သူ စပြီး စိတ်​တိုစ ပြုလာခဲ့ပြီ။

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိWhere stories live. Discover now