မာနမင်းသမီး (၂)

1.7K 279 5
                                    

မာနမင်းသမီး (၂)
~~~~~~~~~~~~~

ချန်​ကျင့်​ရှိုးကတော့ ကျပ်​မပြည့်​တဲ့ မင်းသားကို ပယ်​မထား၊ ပစ်​ပစ်​ခါခါမပြုခဲ့။ အခက်​အခဲပေါင်းများစွာ အတူခံစားကြုံတွေ့ခဲ့ကြတယ်​။ နောက်​ဆုံးမှာတော့၊ ရူးပေါပေါ မင်းသားက ချန်​ကျင့်​ရှိုးကို လက်​ခံသွားပြီး အဖိုးတန်​ရတနာသဖွယ်​ တန်​ဖိုးထားတော့လေတယ်။

အဲ့ဒီ အရူးမင်းသားဆိုတာ ဒီလောကရဲ့ အဓိက ဇာတ်​လိုက်​မင်းသားပဲ။

ချန်​ကျင့်​ယွင်​ ဇာတ်​လိုက်​အတုမကတော့ ချန်​မိသားစုရဲ့ ရွေးခြယ်​မှုမှား၊ ရပ်​တည်​ချက်​မှားခဲ့တဲ့အကြောင်းကြောင့်​ ရောယောင်​ ဒုက္ခရောက်​ရလေတယ်။ သူမတို့ အိမ်​တော်​မျိုးနွယ်​ အပြစ်​ပေးခံရတဲ့အခါမှာကျတော့ သူမရဲ့ ခင်​ပွန်းလင်​က ချန်​မိသားစုကို ပစ်​ပယ်​သွားတော့တာ။

သနားကြင်​နာတတ်တဲ့ ဇာတ်​လိုက်​မ ပီပီ၊ ချန်​ကျင့်​ရှိုးက သူမရဲ့ မိသားစုကို ညှာတာပေးဖို့ အရူးမင်းသားထံပါး တောင်းပန်​ပေးခဲ့လေတယ်။ ဒါ့ကြောင့်​လည်း ချန်​မိသားစု သေဒဏ်​တော့ မကျခဲ့။ သို့ပေမဲ့ သာမန်​လူအဆင့်​သာသာ ကျန်​တော့လေတယ်။ အဲ့ဒီအချိန်​ကစပြီး ချန်​မိသားစုရဲ့ သြဇာအာဏာတွေလည်း ဆုံးခမ်းတိုင်​သွားတော့တာပဲ။

ချန်​မိသားစုက ဒီအရာတွေ အကုန်လုံးကို ချန်​ကျင့်​ယွင်​အပေါ်မှာသာ အပြစ်​ဖို့ခဲ့တယ်​။ ဆွေမျိးသားချင်းတိုင်းက ချန်​ကျင့်​ယွင်​ အရူးမင်းသားကို လက်​မဆက်​ခဲ့တာကြောင့်​လို့ အပြစ်​တင်​ကြတယ်​။ ချန်​ကျင့်​ယွင်​မှာ မိသားစုရဲ့ ပစ်​ပစ်​ခါခါ ဆက်​ဆံခြင်းကို ခံခဲ့ရရှာတယ်။ သူမကလည်း သူမရဲ့ နာကျည်းမှုအားလုံးကို ချန်​ကျင့်​ရှိုးအပေါ် ပုံချလိုက်​တော့တယ်။ ချန်​ကျင့်​ရှိုးက သူမရဲ့ ပိုင်​ဆိုင်​မှုတွေကို လုယူသွားလို့ဆိုပြီး စိတ်​ထဲတေးမှတ်​ထားလိုက်​တော့လေသတဲ့။

ဒါပေမဲ့ သူမ ဘယ်​လိုမှ မတုန့်​ပြန်​လိုက်​နိုင်။ သူမ ဝမ်းစာကိုတောင်​ သူမ အနိုင်​နိုင်​ရှာနေရတာ။

နောက်​ဆုံး၊ ချန်​ကျင့်​ယွင်​ သူမကိုယ်​ကို ကိုယ်​ဝန်​ရနေကြောင်း သိလိုက်​ရတယ်​လေ​။ အခက်​အခဲတွေကို ရင်​ဆိုင်​အံ့တုနိုင်​ခြင်း မရှိတော့တဲ့ အဆုံးမှာတော့၊ သူမ ဟိုလူ့ငနွား ခင်​ပွန်းဟောင်းဆီ ပြန်​သွားရတော့တာပေါ့​။ ရလဒ်​အနေနဲ့ အဲ့ဒီခင်​ပွန်းဟောင်းရဲ့ ဇနီးသစ်​က သူမနဲ့ သူမရင်​သွေးကို သတ်​ပစ်​လိုက်​တယ်​။ နောက်​ဆုံး သူမကို မြေချပေးခဲ့သူက ချန်​ကျင့်​ရှိုး။

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိWhere stories live. Discover now