ရှုမငြီးသော နတ်​ဆေးရှင်​ (၁၆)

2.3K 511 5
                                    

ရှုမငြီးသော နတ်​ဆေးရှင်​ (၁၆)
~~~~~~~~~~~~~~~~~~~~~~

မင်​ရှုက စကားပြောတဲ့ သတ္တဝါတွေကို မစားဘူးလို့ ပြောလိုက်​တော့မှ ရောင်​စုံဥကလေးလည်း သက်​ပြင်းချနိုင်​သွားတော့တယ်​။ နောက်​တော့ ဘေးပတ်​ဝန်းကျင်​မှာ ရှိတဲ့ ချီစွမ်းအင်​တွေကို စုပ်​ယူစုဆောင်းနေတော့တာပဲ။ ဟိုလူယုတ်​မာ သူ့ဆီက စုပ်​ယူသွားတဲ့ ချီစွမ်းအားတွေကို ပြန်​ဖြည့်​ဖို့ပေါ့။

သူသာ အချိန်​ကိုက်​ သေချင်​ယောင်​မဆောင်​ဖြစ်​ခဲ့ရင်​ တကယ်​ကြီး သေသွားမလားပဲ။

'လူသားတွေက ဆိုးလိုက်​တာ...

ဒါမှ မဟုတ်​... လောကကြီးမှာကိုက ပြဿနာရှိနေတာလားပဲ၊ ငါ အိမ်​ပဲ ပြန်​ချင်​လာပြီ... အူးဟူးဟူး...!

ချီစွမ်းအင်​တွေ စုပြီးတာနဲ့ အိမ်​ပြန်​မယ်​...

ချီစွမ်းအင်​တွေ စုပြီးတာနဲ့ မြန်​မြန်​ အိမ်​ပြန်​ရမယ်​...'

မင်​ရှုလည်း မေးလေးထောက်​ရင်း ဥဘေးပတ်​လည်​မှာ ချီတွေ ဝိုင်းစုလာတာကို ကြည့်​နေလိုက်​တယ်​။ ဒီလောက်​ချီတွေအများကြီးကို စုပ်​ယူနေတာ ပြည့်​အင့်​ပြီးတော့ သေမသွားလောက်​ဘူးမဟုတ်​လား။ မင်​ရှုလည်း အဲ့ဒီ့ဥကို သွားမတို့မိဘဲ မနေနိုင်​တော့ဘူး။ ဒါပေမဲ့ ဒီဥက သူ့အကြံအစည်​ကို ရိပ်​မိနေတဲ့အတိုင်း ဘေးတစ်​ဖက်​ကို လှိမ့်​ထွက်​သွားလေတယ်​။ အဲ့ဒီ ဥလှိမ့်​သွားရာနေရာတိုင်းကို ချီစွမ်းအင်​အမျှင်​တန်းကြီး လိုက်​သွားပြီး ဥထဲကို စီးဝင်​သွားကြတယ်​။

ရောင်​စုံဥက ချီစွမ်းအင်​တွေကို အားပါတရ စုပ်​ယူနေတဲ့အချိန်​၊ ရှောင်းရုဖုန်းနဲ့ နဂါးရိုးကြီးရဲ့ တိုက်​ပွဲဟာတော့ အဆုံးသတ်​သွားခဲ့ပြီ။ ယုံမှား သံသယဖြစိဖွယ်​မရှိဘူး၊ နိုင်​တဲ့ သူဟာ သေချာပေါက်​ ရှောင်းရုဖုန်းပဲ ဖြစ်​ရမယ်​။

နဂါးအရိုးကြီး ရုတ်​တရက်​ ပျောက်​သွားကာ ရှောင်းရုဖုန်းလည်း မောပန်းနွမ်းလျစွာနဲ့ မြေပေါ် လဲကျသွားတော့လေတယ်​။ တောင်​ကြောကြီးတစ်​ခုလုံး အခုတော့ တိတ်​ဆိတ်​ငြိမ်​သက်​လို့ပေါ့။

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိWhere stories live. Discover now