ရှုမငြီးသော နတ်​ဆေးရှင်​ (၃၇)

1.4K 342 8
                                    

ရှုမငြီးသော နတ်​ဆေးရှင်​ (၃၇)
~~~~~~~~~~~~~~~~~~~~~~

'ငါ အရူးမျိုးစုံ တွေ့ဖူးပါတယ်​၊ ဒါပေမဲ့ ဒီစိတ္တဇမလို လူတော့ တစ်​ခါမှ မတွေ့ဖူးဘူး၊ သူကတော့ ရန်​သူရှေ့မှာကို ဟာကွက်​တွေ ဖော်​ပြီး နေနေလိုက်​တာ...!'

သူမ ဘာတွေ ကြံနေသလဲ ချင်းချန်​ နားမလည်​နိုင်​တော့ဘူး။ ဒါပေမဲ့ ဟွေ့ရွှယ်​နဲ့ လျိုဖုန်းကို သူမ တောင်​ခြေမှာ ဘာလို့ ထားခဲ့သလဲဆိုတာကိုတော့ သဘောပေါက်​သွားခဲ့ပြီ။ — သူမ အရူးထတာကို တားမဲ့သူ မရှိအောင်​လို့လေ။

မင်​ရှု အပြုံးက ပိုပိုပြီး ထူးဆန်းလို့လာတယ်​။ သူမ ခြေထောက်​ကို ကျက်​သရေရှိရှိ ကြွလှမ်းလိုက်​ပြီး နဂါးမျိုး မြွေဆီကို လျှောက်​သွားလေတယ်​။ "ဘာလဲ၊ အခုကျမှ ကြောက်​နေပြီလား၊ ပြောတော့ နင်​ တစ်​ခါမှ နောင်​တမရဖူးဘူးဆို၊ အခု နောင်​တစရချင်​နေပြီလား"

"မင်း ဘာတွေ တွေးနေတာလဲ...!" ချင်းချန်​ မင်​ရှုဆီကို ပြေးသွားလိုက်​ပြီး သူမ ဆက်​သွားလို့ မရအောင်​ လမ်းပိတ်​ထားလိုက်​တော့တယ်​။

'ငါ မင်းကို လိုအပ်​သေးတယ်...

ဆေးကုပေးဖို့...!

ငါ့ကို အရင်​ဆေးကုပေးရမယ်​၊ ပြီးတော့မှ လုပ်​ချင်​တာလုပ်​၊ သေတွင်းတူးတာလဲ ဆေးကုပြီးမှ လုပ်...'

ဒါပေမဲ့ မင်​ရှုကတော့ သူ့ကို စက္ကန့်​ပိုင်းလေးပဲ လှည့်​ကြည့်​ပြီး နောက်​တော့ မသိကျိုးကျွံပြုလိုက်​ကာ နဂါးမျိုး မြွေဆီကိုပဲ ဆက်​သွားနေတော့တယ်​။ "နင့်​မှာ အခွင့အရေးတစ်​ခါပဲ ရမှာနော်​၊ ဒီအခွင့်​အရေးကို လွတ်​သွားရင်​ နောင်​တရတယ်​ဆိုတာ ဘာလဲ ခံစားတွေ့ကြုံခွင့်​ ရှိတော့မှာ မဟုတ်​ဘူး၊ အခွင့်​အရေး ကိုယ့်​ရှေ့ကို ရောက်​လာတာကို လက်​လွှတ်​မခံသင့်​ဘူး၊ လာစမ်းပါ၊ ဒီရွာကိုကျော်​ရင်​ ရှေ့မှာ ဈေးဆိုင်​တွေ မရှိနိုင်​တော့ဘူးနော်..."

မင်​ရှု ရှေ့တိုးလာတော့ နဂါးမျိုး မြွေတောင်​ နောက်​ကို အလိုလို ဆုတ်​သွားခဲ့မိတယ်​။ သူ လက်​သီးတင်းတင်း ဆုပ်​ထားရင်း ပြန်​မေးတော့တာပေါ့။ "မင်းကို ငါ မသတ်​နိုင်​ဘူးများ ထင်​နေတာလား"

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိWhere stories live. Discover now