အမှန်​တရားရဲ့ ဘက်​တော်​သား (၂)

4.8K 836 10
                                    

အမှန်​တရားရဲ့ ဘက်​တော်​သား (၂)
~~~~~~~~~~~~~~~~~~~~~~~~~~~

အဲ့ဒီလူ ထရပ်​လိုက်​တယ်​။ သူ ဝတ်​ထားတာက မင်​ရှုနဲ့ ကျောင်းဝတ်​စုံချင်း တူတယ်​။ ယောက်ျားလေး ဝတ်​စုံပေါ့။

အလင်းရောင်​က မှိန်​လွန်းတာကြောင့်​ မင်​ရှု သူ့မျက်​နှာကို သေချာ မမြင်​ရဘူး။ ကောင်​လေးက သူ့ထက်​ အရပ်​ပိုမြင့်​တာလောက်​ပဲ သိတယ်​။

'မိုးသည်းညတစ်​ညမှာ ကျောင်းသူလေးတစ်​ယောက်​ကို ကွင်းဆက်​လူသတ်​သမားက သတ်​ဖြတ်​သွားပြီး အလောင်းကို လမ်းဘေးတစ်​နေရာ၌ ပစ်​ထားခြင်းကို တွေ့ရှိ'

မနက်​ဖြန်​ သတင်းစာမှာ ပါမယ့်​ သတင်းခေါင်းစဉ်​ကိုတောင်​ မင်​ရှု ကြိုမှန်းဆ သိနေပြီ။

'အာ... ဗိုက်​ဆာလိုက်​တာ...!'

မင်​ရှု ဗိုက်​ကို ဖိကိုင်​ထားရင်း ကောင်​လေးဘေးက ဖြတ်​သွားလိုက်​တယ်​။ မင်​ရှု ထွက်​သွားတော့မှာကို တွေ့တော့ ကောင်​လေးက ရွှံ့ပေသွားတဲ့ အဝတ်​အစားတွေကို ခါချရင်း မော့ကြည့်​လိုက်​တယ်​။ နောက်​တော့ ရုတ်​တရက်​ ခေါ်လိုက်​ပါလေရော။ "လုမုန်း...?"

မိုးရေစက်​တွေ ကြားကနေပဲ မင်​ရှု ကောင်​လေးကို သတိကြီးကြီးထားပြီး ကြည့်​နေလိုက်​တယ်​။ သူ လုရအောင်​ မင်​ရှုမှာ မုန့်​တွေလည်း ရှိမနေဘူး။

သူ့အသံက ကြည်​နေတာပဲ။ အတော်​လေး ငြိမ်းငြိမ်းချမ်းချမ်း ရှိလှတယ်​။ "နင်​ ဒီအချိန်​ကြီး ဒီမှာ ဘာလုပ်​နေတာလဲ..."

"အိပ်​မက်​ယောင်​ပြီး ထလျှောက်​တာ..." မင်​ရှု ပါးစပ်​ထဲရှိရာ လျှောက်​ပြောလိုက်​တော့တယ်​။

". . ."

ဘယ်​သူကများ ကျောင်းစာသင်​ဆောင်​အဟောင်းကြီးဆီ ယောင်​ပြီး ထလျှောက်​လာမှာလဲ။

ကောင်​လေးက လက်​နှစ်​ဖက်​နဲ့ သူ့ကော်​လာသူ ပြန်​ကိုင်​ထားရင်း ပြောလိုက်​တယ်​။ "မြန်​မြန်​ ပြန်​တော့..."

နောက်​တော့ သူ ဆက်​မနေချင်​တော့သလိုနဲ့ မင်​ရှုဘေးက ခပ်​သွက်​သွက်​ ဖြတ်​လျှောက်​သွားလေတယ်​။

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိWhere stories live. Discover now