ရှုမငြီးသော နတ်​ဆေးရှင်​ (၂၀)

2K 454 7
                                    

ရှုမငြီးသော နတ်​ဆေးရှင်​ (၂၀)
~~~~~~~~~~~~~~~~~~~~~~~

မင်​ရှု ထိုးနှက်​လို့ ပြီးတော့ သူ့အခန်းထဲသူ ပြန်​ဝင်​သွားတော့တယ်​။ ချင်းချန်​ခမျာမှာ တံခါးအပြင်​ဘက်​မှာ အပုံလိုက်​လေး ကျန်​ခဲ့ရှာတာပေါ့။

မင်​ရှု အခန်းထဲ ဝင်​သွားလိုက်​တာနဲ့ မြင်​ကွင်းထဲ တန်းဝင်​လာတာက စားပွဲပေါ်က ရောင်​စုံ ဥလေး။ သဘောရှိတိုင်း လှိမ့်​နေတာ။

ဒီဥလေး သူ့ဘာသာသူ လှိမ့်​ပြီး ပြန်​လာတာလား။

ရောင်​စုံဥလေးလည်း မင်​ရှု ဝင်​လာတာကို အာရုံခံမိပုံပဲ။ စားပွဲစွန်းနားလေးထိ လှိမ့်​လာပြီး ခုန်​ဆွဆွ လုပ်​ပြတော့တယ်​။ "ကြောက်​ဖို့ ကောင်းလိုက်​တာ... အဲ့ဒီလူက လူဆိုးကြီး...!"

မင်​ရှုက ထိုင်​ခုံတစ်​လုံး ဆွဲယူပြီး ထိုင်​လိုက်​တော့တယ်​။ "ဒီမှာ ဘာလာလုပ်​နေတာတုန်း..."

ရောင်​စုံဥလေးကတော့ ဘယ်​ပြန်​ ညာပြန်​ အကြိမ်​ကြိမ်​ အပတ်​ပတ်​ လည်​ပြ၊ လှိမ့်​ပြလို့။ အလိုလိုက်​ခံချင်​တဲ့ ကလေးဆိုးလေးလို ပြုမူပြနေတယ်​။ ပြီးတော့ သနားစရာ အသံလေးနဲ့ ဆိုလေရဲ့။ "အပြင်​လောကကြီးက ဆိုးလိုက်​တာ... အနော်​ ကြောက်​ရယ်​"

မင်​ရှု နှုတ်​ခမ်းစွန်းတွေလည်း တွန့်​သွားမိတော့တယ်​။ ပြီးတော့ သူ့ကိုယ်​သူ ပြန်​လက်​ညိုးထိုးပြလေတယ်​။ "ဆိုတော့ကာ ငါကျတော့ ကြောက်​စရာ မကောင်းဘူးပေါ့လေ"

ဥကလေးလည်း ဘာ့ကြောင့်​ရယ်​မသိ သိမ့်​ကနဲ တုန်​သွားမိတော့တယ်​။ "အဲ... ခင်​ဗျားကတော့ အဆင်​ပြေတယ်​၊ ခင်​ဗျားပြောတော့ အနော့်​လို စကားပြောတဲ့ သတ္တဝါတွေကို မစားဘူးဆို..."

ဒီစကားကြောင့်​သာ မဟုတ်​ရင်​ သူလည်း ဟိုလူဆီက လွတ်​လွတ်​ချင်း မင်​ရှုဆီကို တန်းတန်းမတ်​မတ်​ ပြေးလာခဲ့မှာ မဟုတ်​ဘူး။

"ငါတော့ မစားဘူးဆိုပေမဲ့..." မင်​ရှု အဓိပ္ပါယ်​ပါပါ ပြုံးလိုက်​ပြီး စကားကို သံရှည်​ဆွဲကာ ပြောလိုက်​တယ်​။ "ငါ့နားကလူတွေက မစားဘဲ နေနိုင်​တယ်​လို့ မဆိုလိုဘူးလေနော..."

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိWhere stories live. Discover now