မာနမင်းသမီး (၅)

1.4K 176 7
                                    

မာနမင်းသမီး (၅)

မင်ရှု နန်းတော်ကို ပြန်ရောက်တော့ မွန်းလွဲနှင့်နေပြီ။ ကောင်းကင်နတ်နန်းက လူတွေရော ဘုရင်မင်းမြတ်ပါ သူမကို စောင့်ကြိုနေကြတယ်။ သူမ ပြန်ရောက်လာတာနဲ့ သူမကို တခမ်းတနား ဝန်းရံကြပြီး နတ်နန်းဆီ ပြန်လိိုက်ပို့ပေးကြလေရဲ့။

ကောင်းကင်နတ်နန်းက နန်းတော်ရဲ့ မြောက်ဘက်အစွန်းဆုံး အပိုင်းမှာ တည်ရှိတာ။ အဲဒီနတ်နန်းတည်ရှိရာ ဝန်းကြီးထဲမှာဆို အင်မတန် အနုစိတ်ပြီး လက်ရာမြောက်တဲ့ နန်းဆောင်တွေ ပြဿဒ်တွေ ရှိတယ်။ တသွင်သွင်စီးနေတဲ့ စမ်းချောင်းကလေးတွေ၊ ကျောက်ခင်းတံတားအလှလေးတွေ၊ ကွေ့ကွေ့ကောက်ကောက် ဥယျာဉ်လမ်းကလေးတွေနဲ့ အလှဆင်လို့ထားတယ်။ နေရာတိုင်းက ရှုခင်းသာတဲ့ အပန်းဖြေစရာ လျို့ဝှက်ဘုံနန်းတစ်ခုလိုပဲ။ နတ်နန်းဝန်းကြီးကို စိမ်းမြမြ ဝါးတောတွေ ပတ်ခြံရံထားတယ်။ အဲဒီဝါးရုံတောအတွင်းဘက် နယ်မြေက ကောင်းကင်နတ်နန်း ပရဝဏ်ပေါ့။

"ရှောင်စီ မင်း ပြန်လာပြီပဲ၊ အဆင်ပြေရဲ့လား" မင်ရှု ကောင်းကင်နတ်နန်းထဲ ဝင်လိုက်တာနဲ့ မျက်နှာထား ပျော့ပျော့ပျောင်းပျောင်းနဲ့ အဘိုးကြီးတစ်ယောက်ကလာပြီး မေးလေတယ်။

"ဟုတ်ကဲ့ အထွေအထူးတော့ မရှိပါဘူး" မင်ရှု ခေါင်းညိတ်ပြလိုက်တယ်။

ဒီအဘိုးကြီးက လက်ရှိ ကောင်းကင်နတ်နန်းရဲ့ သခင်။ မူလခန္ဓာရှင်ကို ဒီအဘိုးကြီး ပြုစုပျိုးထောင်ပေးခဲ့တာလို့ ပြောလို့ရတယ်။ သူက သူမအတွက် ဖအေအရင်းလိုပဲ။

ဒါပေမဲ့ မူလခန္ဓာရှင်ရဲ့ မြင့်မြတ်တော်ဝင်နေတဲ့ မင်းသမီး ဂုဏ်ဘွဲ့ကြောင့် အဘိုးကြီးမှာ သူမရဲ့ "အဖေ" ခေါ်ခြင်းကို မခံယူဝံ့ဖြစ်နေရှာတာ။

"ကောင်းတယ်၊ ဒါဆို ကောင်းတယ်" အဘိုးကြီးက မင်ရှု ပခုံးကို အသာပုတ်ရင်း ကောင်းကင်နတ်နန်းထဲကို ခေါ်သွားလိုက်တယ်။ "အရှင်မင်းကြီးက ဒီကိစ္စကို သေချာစုံစမ်းစစ်ဆေးမှာဖြစ်လို့ ဖြေရှင်းချက်တစ်ခုခုတော့ ထွက်လာမှာပါ၊ ဟို လုပ်ကြံသူ လူသတ်သမားတွေလဲ လုပ်ခဲ့တဲ့ အမှုအတွက် ပြန်ပေးဆပ်စေရမယ်"

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိWhere stories live. Discover now