ရှုမငြီးသော နတ်​ဆေးရှင်​ (၁)

4.6K 537 1
                                    

ရှုမငြီးသော နတ်​ဆေးရှင်​ (၁)
~~~~~~~~~~~~~~~~~~~~~~

#ကုန်းမြေတိုက်​ကြီး အထူးသတင်း: ကျစ်​ပေါ်တစ်​ယောက်​ မကျေနပ်​တာရှိတိုင်း အရူးထဖောက်​နေပြန်​ပြီ#

နောက်​တော့ မင်​ရှုနဲ့ ချန်​ယန်​တို့ နှစ်​ယောက်​စလုံး ကိုယ့်​ဘဝနဲ့ကိုယ်​ သီးသန့်​ပဲ နေတော့တယ်​။ တစ်​ယောက်​ကို တစ်​ယောက်​လည်း လိုက်​ မပတ်​သက်​တော့ဘူး။ ချန်​ယန်​ကတော့ တစ်​သက်​လုံး အိမ်​ထောင်​ မပြုရှာဘူး။ တစ်​သက်​လုံးလို့ အတိအကျတော့ ပြောလို့မရပေမဲ့ မင်​ရှု အဲ့ဒီလောကကနေ ထွက်​သွားတဲ့ အထိတော့ ချန်​ယန်​ဟာ လူပျိုလူလွတ်​ဖြစ်​နေဆဲပါပဲ။

အဲ့ဒီ့လောကမှာ မင်​ရှုက ယာဉ်​မတော်​တဆမှုကြောင့်​ သေသွားတာ။ ကားအစင်းပေါင်းများစွာ ဆင့်​တိုက်​တဲ့ မတော်​တဆမှု။ သူ အသက်​ရှင်​ကျန်​နေအောင်​ ရှောင်​လို့ ရကောင်းရနိုင်​မှာ ဖြစ်​ပေမဲ့ သူ့မြင်​ကွင်းရှေ့ကို အဖြူရောင်​အလင်းတွေ ရုတ်​တရက်​ စူးထိုးလာလို့။ နောက်​တော့ တိမ်​ဖြူဖြူ အခန်းကျယ်​ထဲ သူ ပြန်​ရောက်​သွားခဲ့တယ်​။

စိတ်​ပျက်​စရာ မကောင်းလွန်းဘူးလား။

[လုမုန်းရဲ့ ရှိရင်းစွဲ သက်​တမ်း ကုန်​လွန်​သွားလို့ပါ]  Harmony System ကြီးက ရှင်းပြရှာတယ်​။

မင်​ရှု မျက်​လုံးမှာတော့ အပြုံးတွေ အဝေမပျက်​ပါပဲ။ "နောက်​ နောက်​ နောက်​ ဘဝတွေကျရင်​ သုံးစားမရတဲ့ တစ်​ဖက်​သက်​လာကြိုက်​တဲ့ ကောင်​တွေ ထည့်​မထားပါနဲ့တော့လား...?" ပိုအဓိကကျတာက သူတို့တွေ တစ်​ဖက်​သက်​ကြိုက်​တာဟာ မင်​ရှုကို ကြိုက်​တာတောင်​ ဟုတ်​မနေဘူး။

'နင်​ ငါ့ကို ဘာထင်​နေတာလဲ၊ ငါက ဘာလဲ၊ အမှိုက်​ကျုံးသမားလား...'

[အဲ့ဒါကတော့ ကျွန်ုပ်​ လုပ်​ပိုင်​ခွင့်​ကို ကျော်​လွန်​နေလို့ပါ] ဇာတ်​ကောင်​ ဇာတ်​ရုပ်​တိုင်းမှာ အခြေအနေတစ်​ခုရှိတယ်​။ ဘဝဇာတ်​ကြောင်းရှိတယ်​။ ဒါကို သွားပြောင်းလဲလို့ မရဘူး။

တိမ်​ဖြူရောင်​ ဖန်​သားပြင်​ကြီး ပေါ်လာပြန်​တယ်​။

အမည်​ : မင်​ရှု

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိWhere stories live. Discover now