ရှုမငြီးသော နတ်​ဆေးရှင်​ (၁၇)

2.3K 504 4
                                    

ရှုမငြီးသော နတ်​ဆေးရှင်​ (၁၇)
~~~~~~~~~~~~~~~~~~~~~~~

သူ့ကို ဘယ်​သူမှ မကြိုဆိုကြတာ ရှောင်းရုဖုန်း သိတယ်​။ ဒါပေမဲ့ ဒီလောက်​ထိ နှိပ်​ကွပ်​ခံနေရမယ်​လို့ သူ မထင်​ခဲ့မိဘူး။ ရှောင်းအိမ်​တော်​က ဘယ်​သူမှ သူ့ဘက်​ကနေ ရပ်​တည်​မပေးခဲ့ဘူး။ ရပ်​တည်​ပေးရမဲ့အစား အပြင်​လူတွေနဲ့ ပေါင်းပြီး ရှောင်းရုဖေး ဘယ်​မှာလဲလို့ မေးခွန်ူထုတ်​နေခဲ့ကြတယ်​။

သူ့ကို ကျစ်​ပေါ်ဆိုတဲ့ မိန်းမက ပြန်​ပို့ပေးခဲ့တာလေ။ ရှောင်းရုဖေးနဲ့ ကျန်​တဲ့သူတွေ ဘယ်​ရောက်​နေမှန်း သူလည်း တကယ်​ကို မသိဘူး။

နောက်​ဆုံးတော့ ရှောင်းရုဖုန်းကို ရှောင်းအိမ်​တော်​ရဲ့ မြေအောက်​ အကျဉ်းခန်းထဲ လှောင်​ပိတ်​ထားလိုက်​ကြတော့တယ်​။ ရှောင်းရုဖေး ဘယ်​မှာလဲဆိုတာ မပြောမချင်း သူ့ကို လွှတ်​မပေးဘူးလို့လည်း ခြိမ်းခြောက်​ခဲ့ကြသေးတယ်​။

ဒီမြေအောက်​ အကျဉ်းခန်းကနေ လွတ်​မြောက်​ဖို့ လွယ်​မှာ မဟုတ်​ဘူး။

ရှောင်းရုဖုန်း ထွက်​ပြေးဖို့ နည်းလမ်း ရှာမတွေ့နိုင်​သေးခင်​မှာပဲ သခင်​ခုနစ်​နဲ့ ရှောင်းရုဖေးတို့ ပြန်​လာပြီဆိုတဲ့ သတင်း ကြားလိုက်​ရတော့တယ်​။ ဒါပေမဲ့ ရှောင်းရုဖေး ဒဏ်ရာ အပြင်းအထန်​ရထားပြီး အသက်​အန္တရာယ်​ ရှိနေတယ်​တဲ့။

သြဇာရှိ အိမ်​တော်​ကြီးတွေနဲ့ တော်​ဝင်​ကျောင်းတော်​က ပူးပေါင်းပြီး ကယ်​ဆယ်​ရှာဖွေရေးတွေ လုပ်​တော့မှ ကျန်​တဲ့ ကျောင်းသားကျောင်းသူတွေ ပြန်​လာနိုင်​ကြတော့တယ်​။

ရှောင်းရုဖေးလည်း အချိန်​တော်​တော်​ကြာအောင်​ သတိလစ်​မေ့မြောနေခဲ့တယ်​။ ရှောင်းအိမ်​တော်​ဘက်​ကလည်း ကုန်းမြေတိုက်​အနှံ့အပြားက သမားတော်​တွေ၊ ဆေးဆရာတွေ ပင့်​ဖိတ်​ပြီး ကုသပေးတာပေါ့။ ဒါပေမဲ့ ဘယ်​သူမှ ရှောင်းရုဖေးကို မကုပေးနိုင်​ကြဘူး။

နာကျည်း ခါးသီးမှုတွေ ပြည့်​ကြပ်​လာတဲ့ ရှောင်းရုဖေးအမေဟာ သူ့ဒေါသအာဃာတတွေ အားလုံးကို ရှောင်းရုဖုန်းအပေါ် ပုံချလာတော့တယ်​။ ရှောင်းရုဖုန်းခမျာ ချီအတွင်းအားတွေ ဖိနှိပ်​ခံရအောင်​လို့ ဆေးရည်​တွေ အတင်းအကြပ်​တိုက်​ကျွေးခံခဲ့ရတယ်​။ သူ့မှာ ပြန်​လည်​ခုခံဖို့ အင်​အားလေး နည်းနည်းတောင်​ မရှိခဲ့ဘူး။ တစ်​ခေါက်​ထက်​ တစ်​ခေါက်​ သူ သေလုမြောပါး နှိပ်​စက်​ ခံနေရတယ်​။ 

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိWhere stories live. Discover now